သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-30
မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးကို ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့မှာ စစ်ကောင်စီက ပုဒ်မနှစ်ခုအတွက် အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ် အမိန့်ချလိုက်တယ်လို့ ရှေ့နေအသိုင်းဝိုင်းက ပြောပါတယ်။
2021-12-30
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ အလုပ်ရှင်တွေဟာ အလုပ်သမားအခွင့်အရေးတွေကို ချောင်ထိုးထားပြီး လုပ်ခလစာ အပြည့်အဝ မပေးတာ၊ အချိန်ပိုကြေး မပေးတာ၊ လုပ်ငန်းရပ်နားပြီးနောက်ပိုင်း အလုပ်သမားကို လျော်ကြေးမပေးတာတွေ ရှိနေတယ်လို့ ရန်ကုန်တိုင်းထဲမှာရှိတဲ့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။
2021-12-30
ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခလရ (၁၄၀) တပ်နဲ့ ခရိုင်ရုံး အကြားက မြန်မာ့ဆက်သွယ်ရေး (MPT) တာဝါတိုင်နားမှာ ဒီဇင်ဘာ ၂၉ ရက် မနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်သားတွေ မိုင်းနင်းမိတာကြောင့် ကိုးဦး ဒဏ်ရာရခဲ့တယ်လို့ မတူပီမြို့ ချင်း ကာကွယ်ရေးတပ် (CDF) အဖွဲ့က ပြောပါတယ်။
2021-12-30
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲ့ ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး အင်းစိန်အကျဉ်းထောင်ထဲမှာ ရိုက်နှက်ခံရပြီး ဆေးကုသခွင့် မပေးတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
2021-12-30
နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကူးဖို့ တစ်ရက်အလို ဒီကနေ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ စစ်ကောင်စီက မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို အဂတိလိုက်စားမှု ခြောက်မှုအတွက် ထောင်ဒဏ် ၁၈ နှစ်၊ မကွေးတိုင်းအစိုးရ ဝန်ကြီးတွေဖြစ်ကြတဲ့ ဒေါက်တာ ခင်မောင်အေး ကို အဂတိလိုက်စားမှု သုံးမှုအတွက် ထောင်ဒဏ် ၉ နှစ်၊ ဝန်ကြီး ဦးတင်နွယ်ဦး ကို အဂတိလိုက်စားမှု လေးမှုအတွက် ထောင်ဒဏ် ၁၂ နှစ်နဲ့ မကွေးတိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတာ ကို အဂတိ လိုက်စားမှု နှစ်မှုအတွက် ထောင်ဒဏ် ၆ နှစ် အသီးသီး ချမှတ်လိုက်တယ်လို့ အမှုလိုက်ရှေ့နေတွေက ပြောပါတယ်။
2021-12-30
ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုရွာအနီးမှာ ပြီးခဲ့ရက်ပိုင်းက အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခံရမှု ဖြစ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတဲ့ ဖရူဆိုမြို့ပေါ်နဲ့ မိုဆိုရွာက ဒေသခံတွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်လို့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။
2021-12-30
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့အခြေစိုက် ဇေယျာတိုင်း(စ်) သတင်းအေဂျင်စီကို စစ်ကောင်စီက ပိတ်သိမ်းလိုက်ကြောင်း အကြောင်းကြာစာ ဒီရက်ပိုင်းမှာ လက်ခံရရှိခဲ့တယ်လို့ ဇေယျာတိုင်း(စ်) သတင်း အေဂျင်စီရဲ့ တာဝန်ခံအယ်ဒီတာက ဒီဇင်ဘာလ ၃၀ ရက်နေ့ ဒီကနေ့မှာ RFA ကို ပြောပါတယ်။
2021-12-30
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးလိုက်တဲ့ NDAA ကာကွယ်ရေးအသုံးစရိတ်ဥပဒေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ထည့်သွင်းပြဋ္ဌာန်းခဲ့တာဟာ NUG အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် မြန်မာပြည်သူတစ်ရပ်လုံးအတွက် အကျိုးရှိစေမှာဖြစ်တယ်လို့ NUG ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး က RFA ကိုပြောပါတယ်။
2021-12-29
ဒီဇင်ဘာလ ၂၇ ရက်နေ့က အတည်ပြုလိုက်တဲ့ National Defense Authorization Act NDAA မှာ အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ် ဒေါ်လာ ၇၇၀ ဘီလျံ အသုံးပြုဖို့ ခွင့်ပြုချက်ပေးလိုက်တာဟာ အဓိက ဖြစ်ပေမယ့်၊ အမေရိကန် အစိုးရကနေ မြန်မာနိုင်ငံ ဒီမိုကရေစီအရေး အားပေးထောက်ခံဖို့အတွက် ပြဋ္ဌာန်းချက်အချို့လည်း ပါဝင်နေတာ တွေ့ရပါတယ်။
2021-12-29
ကယားပြည်နယ်မှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က မီးရှို့တိုက်ခိုက်ခံရလို့ ကလေးငယ် လေးဦး၊ Save the Children အဖွဲ့ရဲ့ ဝန်ထမ်း နှစ်ဦးအပါအဝင် လူအနည်းဆုံး ၃၅ ဦး သေဆုံးခဲ့ရတဲ့ကိစ္စကို ကုလသမဂ္ဂလုံခြုံရေး ကောင်စီက အပြစ်တင်ရှုတ်ချကြောင်း ကြေညာချက်ထုတ်တယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာရုံးက ဒီဇင်ဘာလ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
2021-12-29
အချိန်ကာလရှည်ကြာလာတဲ့ ကိုဗစ် ကပ်ရောဂါနဲ့ ပြည်တွင်းနိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းက လက်ဖက်ခြံ တောင်သူတွေဟာ ဝယ်ယူမဲ့ အခြေအနေ ဆိုက်ရောက်သွားပြီး ခြံလုပ်ငန်းရပ်တန့်ရတဲ့အထိ စီးပွားရေး အခက်အခဲတွေ ကြုံနေကြရပါတယ်။
2021-12-29
ရခိုင်ပြည်နယ်မှာ အင်တာနက် အပြည့်အဝရဖို့ တောင်းဆိုလှုပ်ရှားခဲ့တဲ့ ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုဝေယံဖြိုးမိုးကို ဒီဇင်ဘာ ၂၉ ရက် ဒီနေ့မှာ အလုပ်နဲ့ ထောင်ဒဏ် နှစ်နှစ်နဲ့ တစ်လ ချမှတ်လိုက်တယ်လို့ ဗကသများအဖွဲ့ချုပ်က ဒီနေ့ထုတ်ပြန်ပါတယ်။
2021-12-29
ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေ့ကော်မြို့က တိုက်ပွဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ်မှာ ဖြစ်သလို ခိုလှုံနေရတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်း ခြောက်ထောင်ကျော်ဟာ ယာယီနားခိုစရာနဲ့ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
2021-12-29
ဒီမိုကရေစီ နုနယ်သေးတဲ့နိုင်ငံကို အာဏာရှင်အုပ်ချုပ်ရေးအောက် တစ်ကျော့ပြန် နစ်မြှုပ်စေတဲ့ ဖေဖော်ဝါရီ ၁ ရက်စစ်တပ်ရဲ့ အာဏာသိမ်းမှုဟာ ၁၁ လ နီးပါး ကြာလာချိန်မှာ တိုင်းပြည်ရဲ့ကဏ္ဍပေါင်းစုံ ချွတ်ခြုံကျမှုနဲ့ အထွေထွေ ကျပ်တည်းမှု ဟာ ပိုဆိုးလာပြီး ကျရှုံးနိုင်ငံဖြစ်ဖို့ ဦးတည်နေပြီလို့ နိုင်ငံရေး၊ စစ်ရေးနဲ့ စီးပွားရေး အကဲခက်တွေက သုံးသပ်ကြ ပါတယ်။
2021-12-29
ကရင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ လက်နက်ကြီးကြောင့် သတင်းထောက်တစ်ဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီကို နိုင်ငံတကာက တင်းတင်းကျပ်ကျပ် ပိတ်ဆို့အရေးယူမှုတွေ ဆောင်ရွက်ဖို့ နယ်စည်းမခြား သတင်း ထောက်များအဖွဲ့ (RSF) က မနေ့က ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။