ဗကသကျောင်းသား ကိုဝေယံဖြိုးမိုး ရိုက်နှက်ဒဏ်ရာတွေ ဆေးကုခွင့်မရလို့ အသက်အန္တရာယ်စိုးရိမ်ရ

2021.12.30
ဗကသကျောင်းသား ကိုဝေယံဖြိုးမိုး ရိုက်နှက်ဒဏ်ရာတွေ ဆေးကုခွင့်မရလို့ အသက်အန္တရာယ်စိုးရိမ်ရ ဗကသကျောင်းသား ကိုဝေယံဖြိုးမိုး ကို တွေ့ရစဉ်
Photo: CJ

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ရဲ့ ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး အင်းစိန် အကျဉ်းထောင်ထဲမှာ ရိုက်နှက်ခံရပြီး ဆေးကုသခွင့် မပေးတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ကိုဝေယံဖြိုးမိုးကို ဒီဇင်ဘာလ ၂၉ ရက် မနေ့က ထောင်အတွင်းတရားရုံးမှာ အမိန့်ချအပြီး အဆောင်ပြောင်း ရာမှာ ထောင်ဝန်ထမ်းတစ်ချို့က ရိုက်နှက်ခဲ့တာလို့ မိသားစုဝင်က RFA ကို ပြောပါတယ်။

“နံရိုးကျိုးနေတဲ့လူပါ ဆေးကုသခွင့်လည်း မရပါဘူး၊ မနေ့က အမိန့်ချအပြီးမှာ သပြေဆောင်ကို ခေါ်သွား တယ်၊ ရောက်ရောက်ချင်းမှာ အဆောင်မှူးက ဖိနပ်နဲ့ ပါးရိုက်တယ်၊ ပုံစံအခန်းထဲကို ခေါ်သွားပြီးတော့ ဝန်ထမ်း ငါးဦးလောက်ခေါ်ပြီး ဒီကောင့်ကို သေအောင်ရိုက်ဆိုပြီး ရိုက်ခိုင်းတယ်လို့ သိထားပါတယ်” လို့ မိသားစုဝင်က ဆိုပါတယ်။

ကိုဝေယံဖြိုးမိုးကို ဒီဇင်ဘာလ ၁၀ ရက်နေ့က ပြုလုပ်တဲ့ အင်းစိန်ထောင်တွင်း အသံတိတ်ဆန္ဒပြမှုမှာ ပါဝင်ခဲ့ လို့ဆိုပြီး ရိုက်နှက်ခဲ့တဲ့အတွက် နံရိုးကျိုးထားတဲ့အပြင် လည်ပင်းဒဏ်ရာတွေလည်း ရရှိထားပါတယ်။

ကိုဝေယံဖြိုးမိုးဟာ အဖမ်းခံရပြီး ၉ လအကြာမှာ ငြိမ်းစုစီဥပဒေပုဒ်မ - ၁၉အတွက် ထောင်ဒဏ် ၁ လ၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၅၀၅ (ခ) အတွက် ထောင် ၂ နှစ် စုစုပေါင်း အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ နှစ်နဲ့ ၁ လ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။