သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-06-25
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ရောက်ရှိနေတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ ဟာ မနေ့က Asia House အဖွဲ့နဲ့အတူ ဗြိတိန်နိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းရှင်တွေနဲ့ မြန်မာနိုင်ငံရဲ့ စီပွားရေးအကြောင်း ဆွေးနွေးခဲ့ကြသလို DFID ဗြိတိန်နိုင်ငံရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးဝန်ကြီးနဲ့ လည်းတွေ့ ဆုံပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆွေးနွေးခဲ့ ကြပါတယ်။
2013-06-25
နိုင်ငံတကာက ဗုဒ္ဓဘာသာ အကြောင်း သိရှိအောင် အသိပေးဖို့ ရည်ရွယ်တဲ့ သံဃာ့ဆွေးနွေးပွဲကို လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
2013-06-25
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းဖို့ ရည်ရွယ်ပြီး ဒေသခံ လူထု ၃ ရာကျော်ဟာ ဒီကနေ့ နေ့လည်ပိုင်းမှာ ချီတက် လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။
2013-06-25
ထိုင်းမြန်မာ နယ်စပ် ရနောင်းမြို့ မှာ ပြည့်တန်ဆာအဖြစ် အတင်း အကြပ် စေခိုင်းခံထားရတဲ့ မြန်မာအမျိုးသမီး ၁၃ ဦးကို ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ (AHTD)က ကယ်တင်နိုင်ခဲ့ပြီး၊ အဲဒီအမျိုးသမီးတွေကို ပြည့်တန်ဆာ အဖြစ် စေခိုင်းခဲ့တဲ့ အသက် ၃၂ နှစ်အရွယ် Chonthipaporn ချွန်သီပါပွန်ဆိုသူ ထိုင်းအမျိုးသမီးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
2013-06-25
ဂျပန်နိုင်ငံ အခြေစိုက် နိပွန် ဖေါင်ဒေးရှင်းက ရှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့မှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA မြောက်ပိုင်းနယ်မြေ က ပြည်သူလူထုအတွက် မနေ့က ဆန်အိတ် ၂ဝဝဝ ကူညီထောက်ပံ့လိုက်တယ်လို့ သိရပါတယ်။
2013-06-25
သတင်းမီဒီယာတွေ ၊ လူမှုကွန်ရက် စာမျက်နှာတွေမှာ အမုန်းတရား တိုးပွားစေသော ရေးသားပြောဆိုမှုတွေကို ဘယ်လိုရှောင် ရှားနိုင်မလဲဆိုတာနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ ၂၈ ရက်နေ့မှာ ရန်ကုန်မြို့ Chatrium ဟိုတယ်မှာ ကျင်းပမှာဖြစ်ပါတယ်။
2013-06-25
လာမယ့် ဇူလိုင်လ ၁ ရက်နေ့အတွက်ထုတ်ဝေတဲ့ တိုင်းမ်မဂ္ဂဇင်း မှာဖော်ပြထားတဲ့ ဗုဒ္ဓဘာသာ အကြမ်းဖက်မှုပြယုဒ် (The Face of Buddhist Terror) ဆောင်းပါးမှာ ရေးသားထားတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အရေးယူသွားဖို့အတွက် မြန်မာနိုင်ငံ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပံုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟိုအဖွဲ့ကနေ အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို တင်ပြမယ်လို့ သိရပါတယ်။
2013-06-24
ဗြိတိန်နိုင်ငံကို ရောက်ရှိနေတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈မျိုးဆက် အဖွဲ့ဟာ မနေ့က Oxford တက္ကသိုလ်ကို သွားရောက် လေ့လာခဲ့ပြီး ကျောင်းက တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံက ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး အကူအညီပေးဖို့ပန်ကြားခဲ့ပါတယ်။
2013-06-24
မြန်မာနိုင်ငံမှာ အင်္ဂလိပ် ကိုလိုနီခေတ်ကတည်းက တည်ဆောက်ခဲ့တဲ့ အထင်ကရ အဆောက်အဦးတွေကို ထိန်းသိမ်းရင်းနဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကနေ ဝင်ငွေရရှိအောင်ဖန်တီးရေး အလုပ်ရုံဆွေးနွေးပွဲကို ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်မှာ ဒီနေ့ကျင်းပပါတယ်။
2013-06-24
ထာဝရငြိမ်းချမ်းရေး၊ ထာဝရ သေနတ်သံ ပပျောက်ရေးနဲ့ မြေမြုပ်မိုင်းများ ပြန်လည် တူးဖော်ရှင်းလင်းရေးအတွက် ရည်ရွယ်ပြီး ရုပ်ရှင်၊ ဂီတသဘင်ကို ဇူလိုင်လကုန်လောက်မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
2013-06-24
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ ၅ ရက်ကြာ သင်တန်းတစ်ခု ကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး မြို့မှာ ဒီကနေ့စတင်ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်က နိုင်ငံရေး ပါတီတွေ အပါအဝင် အရပ်ဖက်လူမှု အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တက်ရောက်သင်ကြားနေပါတယ်။
2013-06-24
မြန်မာရေတပ်က အရာရှိ ၂ဝ လောက်ဟာ ပါကစ္စတန်နိုင်ငံမှာ ရေငုပ်သင်္ဘော စစ်ဆင်ရေးသင်တန်း တက်ရောက်နေတယ်လို့ Jane’s ကာကွယ်ရေးစာစောင်က ဒီကနေ့ ဖော်ပြပါတယ်။
2013-06-24
ပဲခူးတိုင်း၊ ဖြူးမြို့၊ ညောင်ပင်သာကျေးရွာ က တောင်သူ ၅၂ ဦးကို တာဝန်ဝတ္တရား နှောင့်ယှက်မှုနဲ့ ဒီကနေ့ မြို့နယ်တရားရုံးမှာ ရုံးတင်စစ်ဆေးပြီး မြို့နယ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ရွာသားတွေက ပြော ပါတယ်။
2013-06-24
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် မစ္စတာ ရန်ကျဲချိဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်နဲ့ ဒီကနေ့နေ့လည်က နေပြည်တော်မှာ သီးသန့်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
2013-06-24
မန္တလေးတိုင်း မစိုးရိမ်ကျောင်းတိုက် ဆရာတော် ဦးဝီရသူရဲ့ မျက်နှာဖုံးနဲ့ ဇူလိုင်လ ၁ ရက်နေ့အတွက် ထုတ်ဝေတဲ့ တိုင်းမ်မဂ္ဂဇင်းရဲ့ ဗုဒ္ဓဘာသာ အကြမ်း ဖက်မှုဆောင်းပါးကို ကန့်ကွက်ကြောင်း မြန်မာနိုင်ငံ သမ္မတရုံး အင်တာနက် စာမျက်နှာမှာ ဒီကနေ့ ဖော်ပြပါတယ်။