တရုတ်နိုင်ငံတော် ကောင်စီဝင် မစ္စတာ ရန်ကျဲချီ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံ
2013.06.24
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် မစ္စတာ ရန်ကျဲချိဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီကနေ့နေ့လည်က နေပြည်တော်မှာ သီးသန့်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
အဲဒီနောက် မစ္စတာ ရန်ကျဲချိဟာ နိုင်ငံရေးပါတီတွေ ၊ တိုင်းရင်းသားပါတီတွေက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ နေပြည်တော် သင်္ဂဟဟိုတယ်မှာ တွေ့ဆုံခဲ့တာပါ။ ဒီတွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ချစ်ကြည်ရေးအကြောင်းနဲ့ လယ်သမားတွေကို ချေးငွေတွေ ထုတ်ပေးမယ့်အကြောင်း မစ္စတာ ရန်ကျဲချိက ပြောကြားခဲ့တယ်လို့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် မစ္စတာ ရန်ကျဲချိဟာ သမ္မတ ဦးသိန်းစိန်နဲ့လည်း နေပြည်တော်မှာ ဒီကနေ့တွေ့ဆုံပြီး တရုတ်မြန်မာ နှစ်နိုင်ငံဆက်ဆံရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွေအတွက် တရုတ်နိုင်ငံက ကူညီပံ့ပိုးမှု အလားအလာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအတောအတွင်း ဒေသခံတွေ့ရဲ့ ဆန့်ကျင်ဆန္ဒပွဲတွေကြောင့် ရပ်ဆိုင်းထားရတဲ့ မုံရွာလက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို များမကြာခင် ပြန်လည်စတင်နိုင်ဖို့ မျှော်လင့်ကြောင်း တရုတ်ဝမ်ပေါင်ကုမ္ပဏီ အကြီးအကဲက တရုတ်အစိုးရရဲ့ ချိုင်းနားဒေးလီး သတင်းစာကို ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဒီအကြောင်း RFA အဖွဲ့သူ ဒေါ်ခင်ခင်အိရဲ့ စုစည်းတင်ပြချက်ကို နားဆင်နိုင်ကြပါပြီ။