မြန်မာရေတပ်အရာရှိများ ပါကစ္စတန်တွင် ရေငုပ်သင်္ဘော စစ်သင်တန်း တက်ရောက်နေ

2013.06.24

မြန်မာရေတပ်က အရာရှိ ၂ဝ လောက်ဟာ ပါကစ္စတန်နိုင်ငံမှာ ရေငုပ်သင်္ဘော စစ်ဆင်ရေးသင်တန်း တက်ရောက်နေတယ်လို့ Jane’s ကာကွယ်ရေးစာစောင်က ဒီကနေ့ ဖော်ပြပါတယ်။

မြန်မာရေတပ်က အရာရှိတွေဟာ ပါကစ္စတန်ရေတပ်နဲ့ ရေငုပ်သင်္ဘော သင်တန်းကျောင်းမှာ မေလဆန်းပိုင်းလောက်ကစလို့ ရေငုပ်တာ၊ ရေငုပ်သင်္ဘော မောင်းနှင်တာ၊ အသံလှိုင်းနဲ့ ရေအောက်မှာရှိတဲ့ အရာဝတ္ထုတွေရဲ့ တည်နေရာကို ရှာဖွေဆန်းစစ်တာစတဲ့ အခြေခံသင်တန်းတွေ ဆည်းပူးနေကြတယ်လို့ သံတမန်သတင်းရပ်ကွက်ကို ကိုးကားပြီး စာစောင်မှာ ရေးသားထားပါတယ်။

ပါကစ္စတန်ရေတပ်ဟာ ပြင်သစ်နိုင်ငံထုတ် ရေငုပ်သင်္ဘောတွေကို အဓိကအသုံးပြုနေပြီး၊ ၁၉၆ဝ တိုက်ကထုတ်တဲ့ ရေငုပ်သင်္ဘောနှစ်စီးနဲ့ ခေတ်မီ ရေငုပ်သင်္ဘော ၃ စင်းရှိတယ်လို့ ဆိုပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။