သံဃာ့ဆွေးနွေးပွဲ နိုင်ငံတဝှမ်းက သံဃာတော် ရာနဲ့ချီ တက်ရောက်မည်


2013.06.25

နိုင်ငံတကာက ဗုဒ္ဓဘာသာ အကြောင်းသိရှိအောင် အသိပေးဖို့ ရည်ရွယ်တဲ့ သံဃာ့ဆွေးနွေးပွဲကို လာမယ့် ဇွန်လ ၂၇ ရက်နေ့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။

မြန်မာတစ်နိုင်ငံလုံးက သံဃာတော်အပါး ၁ဝဝ လောက် ပါဝင်မယ့် အဲဒီ ဆွေးနွေးပွဲကို အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက သိရှိအောင် အဓိကထား ဆွေးနွေးသွားဖို့ရှိတယ်လို့ သိရှိရကြောင်း ဒီဆွေးနွေးပွဲကို တက်ရောက်မယ့် မကွေးတိုင်း၊ ပခုက္ကူ ရှင်မတောင်ဆရာတော်က RFA ကို မိန့်ကြားပါတယ်။

ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံနဲ့ချီပြီးတော့ ဘုန်းကြီးတို့ရဲ့ ဗုဒ္ဓသာသနာရဲ့ ပင်မဘာသာဖြစ်တယ်၊ အဲဒါကို ဆရာတော်တွေက သိသင့်သိထိုက်တာတွေ အသိပေးပြီးတော့ ဝိုင်းဝန်းဆောင်ရွက်ဖို့ပါပဲ၊ အမျိုးစောင့်ဥပဒေဆိုတာကလဲ ဘုန်းကြီးတို့ တရားနည်းလမ်းကျစွာနဲ့ တိုင်းသူပြည်သားတို့ ရသင့်တဲ့အခွင့်အရေးကို တရားဥပဒေနဲ့အညီ ဘုန်းကြီးတို့ရဖို့ရာ ဆောင်ရွက်ဖို့ပါပဲ”

အဲဒီဆွေးနွေးပွဲကို သီတဂူဆရာတော် အရှင်ဉာဏိဿရ တက်ရောက်ဆွေးနွေးဖို့ရှိသလို မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဦးီရသူလည်း တက်ရောက်ဆွေးနွေးမယ်လို့ သိရပါတယ်။

အဲဒီဆွေးနွေးပွဲနဲ့ ပတ်သက်လို့ ဆရာတော် ဦးီရသူကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိက ဆက်သွယ်လျှောက်ထား တင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။