အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး သင်တန်း တောင်ကြီးမှာ ဖွင့်လှစ်


2013.06.24

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ ၅ ရက်ကြာ သင်တန်းတစ်ခုကို ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့မှာ ဒီကနေ့စတင်ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်က နိုင်ငံရေးပါတီတွေ အပါအင် အရပ်ဖက်လူမှု အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တက်ရောက်သင်ကြားနေပါတယ်။

တောင်ကြီးမြို့ ချယ်ရီကွင်းဟိုတယ်မှာ သင်ကြားပေးနေတာဖြစ်ပြီး နောက်ပိုင်းမှာ အစိုးရဝန်ထမ်းတွေကိုပါ ဖိတ်ခေါ်ပြီး ပိုမိုကျယ်ပြန့်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ ကျင်းပသွားမှာဖြစ်တယ်လို့ အဲဒီသင်တန်းကို ဦးစီးဖွင့်လှစ်တဲ့ Myanmar Institute for Democracy အဖွဲ့ရဲ့ ဒါရိုက်တာ ဦးမင်းငြိမ်းချမ်း က RFA ကို အခုလို ပြောပါတယ်။

"အကျင့်ပျက်ခြစားမှုတော့ မဟုတ်သေးဘူးပေါ့၊ လာဘ်ပေးလာဘ်ယူ တိုက်ဖျက်ရေး ဗဟိုကော်မတီပေါ့နော်၊ လိုအပ်ရင်လိုအပ်သလို ချိတ်ဆက်ပြီးတော့လုပ်မှာပါ၊ နောက်ပိုင်းလည်း ဝန်ထမ်းတွေကို ဖိတ်ပြီးတော့မှ ဒီထက်ကျယ်တဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ လုပ်ဖို့ရှိပါတယ်"

ဒီသင်တန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ အင်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)နဲ့ ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့(ရလလဖ)၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ရှမ်းပြည်နယ်)၊ မျိုးဆက်သစ်(ရှမ်းပြည်)၊  ပအိုဝ်းလူငယ်အစည်းအရုံး(PYO)၊ ပအိုဝ်းအမျိုးသမီးပညာရေး ဖောင်ဒေးရှင်း၊  ရှမ်းပြည်နယ် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ရိုးမအလင်းစတဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၁၇ ဦး တက်ရောက်နေတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။