သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-05-29
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာမှာ တောင်သူလယ်သမား ၅ ဦးကို လူ ၉ ယောက်က ရိုက်နှက်ခဲ့တဲ့ဖြစ် ရပ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးအာဏာ ပိုင်တွေက အရေးယူဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံတောင် သူလယ်သမားသမဂ္ဂက ဒီနေ့ကြေငြာချက်ထုတ်ပြန်တောင်း ဆိုလိုက်ပါတယ်။
2014-05-29
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ ကို ပြည်ထောင်စုလွှတ်တော်မှာ "ရွေးကောက် တင်မြှောက်ခံရတဲ့" ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ ဒါမှ မဟုတ် လွှတ်တော်ကိုယ်စားလှယ် ထက်ဝက်ကျော် က ပြင်ဆင်ဖို့သဘောတူရင် ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပပြီး ဆန္ဒမဲပေးသူ ထက်ဝက်ကျော်ရဲ့ ဆန္ဒမဲ နဲ့ ပြင်ဆင်သင့်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အကြံပြုထားပါတယ်။
2014-05-29
ရှမ်းပြည်နယ်၊ကလောမြို့နယ်ဘော် ဆိုင်းကျေးရွာမှာရှိတဲ့ ဘော်ဆိုင်းသတ္တုတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံအခြေစိုက် Good Plus Star (GPS) Joint Venture ကုမ္ပဏီက တရုတ်နိုင်ငံသား ဝန်ထမ်း ၁၃ ဦးနဲ့ မြန်မာဝန်ထမ်းတစ်ဦးကို ဗီဇာစည်းကမ်းဖောက် ဖျက်မှုနဲ့ ကလောမြို့နယ် တရားရုံးက ဒဏ်ငွေ ကျပ် ၂ သိန်းစီ သို့မဟုတ် ထောင်ဒဏ် ၆ လစီကျခံဖို့ အမိန့်ချမှတ် လိုက်ပါတယ်။
2014-05-29
နိုင်ငံတော်သမ္မတက အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်ထုတ်ပြန်ပေးဖို့ တိုက် တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်သွင်းပြီး လာမယ့်လွှတ်တော် အစည်း အဝေး တွေမှာ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
2014-05-29
ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်း လိုက်ပြီးတဲ့နောက် သတင်းမီဒီယာကို ထိန်းချုပ်တာ၊ သတင်းသမားတွေကို ထိန်းသိမ်းလိုက် တာတွေအပေါ် စိုးရိမ်ကြောင်း မြန်မာ ဂျာနယ်လစ်ကွန်ရက် MJN နဲ့ မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း MJA တို့က ပြီးခဲ့တဲ့ အင်္ဂါနေ့က ကြေညာချက် အသီးသီးထုတ်ပြန် ခဲ့ကြပြီး၊ သတင်းလွတ်လပ်ခွင့် အမြန် ဆုံးပြန်ပေး ဖို့ တောင်းဆိုခဲ့ကြပါတယ်။
2014-05-29
နဝမအကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲကို မေလ ၂၈ ရက် မနေ့ညနေက ရန်ကုန်မြို့ရှိ ရှန်ဂရီလာ ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2014-05-29
တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ဆောင်ရွက်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကန့်ကွက်ဆန္ဒပြပွဲကို ဒီကနေ့ မနက်နဲ့ညနေမှာ လက်ပံတောင်းတောင်ဒေသ မှာရော ရန်ကုန်မြို့မှာပါပြုလုပ်ကြမယ်လို့ သိရပါတယ်။
2014-05-28
အမေရိကန်သမ္မတ ဘားရက် အိုဘားမား က မြန်မာပြည်ရဲ့ လက်ရှိဒီမိုကရေ စီရေးပြုပြင်ပြောင်းလဲမှှုတွေ အောင်မြင်မယ်ဆိုရင် မြန် မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုရဲ့ မိတ်ဆွေသစ်ဖြစ် လာပါလိမ့်မယ်လို့ မနေ့က ပြောကြားလိုက်ပါတယ်။
2014-05-28
ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းမှာ ယုဇနကုမ္ပဏီက ပီလောပီနံစိုက်ဖို့ သိမ်းသွားတဲ့ မြေယာဧကသောင်း ဂဏန်းနီးပါးအတွက် နစ်နာကြေးနဲ့ လျော်ကြေးငွေတွေ လိုချင်ကြောင်း မြေဆုံး ရှုံးခဲ့တဲ့ တောင်သူတွေက ဒီနေ့ ရန်ကုန်မြို့မှာ သတင်းစာ ရှင်းလင်းပွဲကျင်းပပြီး တောင်း ဆိုလိုက်ပါတယ်။
2014-05-28
အစိုးရတပ်မတော်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တပ်တွေ အကြား တိုက်ပွဲတွေမဖြစ်အောင် နှစ်ဖက် ကိုယ်စားလှယ် ၅ဦးစီနဲ့ ဖွဲ့ထားတဲ့ ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့က အပြန်အလှန် သတင်းဖလှယ်ပြီး ဆောင်ရွက်သွား မယ်လို့ ဒီနေ့ ဆွေးနွေးကြကြောင်း သိရပါတယ်။
2014-05-28
ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးနဲ့ စုပေါင်းတိုင်းတရားရုံးကို ပြတိုက်နဲ့ ဟိုတယ်တွေအဖြစ် ပြောင်းလဲဖို့ ပုဂ္ဂလိက ကုမ္ပဏီတွေက ပြင်ဆင်နေတဲ့အပေါ် မြန် မာနိုင်ငံ ရှေ့နေများကွန်ရက်က ဒီနေ့ ကန့်ကွက်ဆန္ဒပြကြပြီး တစ်လအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ သက်ဆိုင်ရာကုမ္ပဏီတွေကို တရားစွဲဆိုသွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2014-05-28
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ် ထုံးဘိုကျေးရွာ မှာ ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က တောင်သူ ၅ ဦးကို အငြင်း ပွားနေတဲ့ မြေယာကိစ္စဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ပြီး လူတစ်စုက ဖမ်းဆီးရိုက်နှက် ခဲ့တဲ့အတွက် တောင်သူတွေ ဒဏ်ရာရခဲ့ကြပါတယ်။
2014-05-28
တိုင်းပြည်မှာ ထာဝရငြိမ်းချမ်းရေး ရရှိဖို့အတွက် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်သင့်ကြောင်း ပြည်သူ့လွှတ်တော် “တရားစီရင်ရေး၊ ဥပဒေရေးရာနဲ့ တိုင်ကြားစာ-အသနား ခံစာများ စိစစ်ရေးကော်မတီ” ဥက္ကဋ္ဌ သူရဦးအောင်ကိုက ဒီကနေ့ ပြောလိုက်ပါတယ်။
2014-05-28
တိုင်းရင်းသားတွေအားလုံး တောင်းဆိုနေ တဲ့ တန်းတူအခွင့်အရေးနဲ့ ဖက်ဒ ရယ်ပြည်ထောင်စုစနစ် တည်ဆောက်နိုင်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်ဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ ပြောပါတယ်။
2014-05-27
ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ဒီနေ့ နေပြည်တော် ဥတ္တရသီရိမြို့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ရေးထိုးခဲ့ပြီး ဒေသခံလူထုဟောပြောပွဲ ကျင်းပခဲ့ပါတယ်။ အာအက်ဖ်အေ သတင်းထောက် ကိုနေမျိူးထွန်း တင်ပြထားပါတယ်။