ရွှေအမြုတေစာပေဆု ကျပ် ၁၄ သိန်းကျော်စီ ရရှိကြ


2014.05.29

နဝမအကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲကို မေလ ၂၈ ရက် မနေ့ညနေက ရန်ကုန်မြို့ရှိ ရှန်ဂရီလာဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။

ဆု ၆ ဆုရွေးချယ်ပေးအပ်ခဲ့ရာမှာ ဝတ္ထုတိုဆုအတွက် စာရေးဆရာမ ပန်းရိပ်ဖြူ၊ ဝတ္ထုရှည်ဆုကို မာန်(တောင်လုံးပြန်)၊ ဆောင်းပါးဆုကို ဒေါက်တာညီညီ၊ ရသစာတမ်းဆုကို နိုင်မြင့်၊ ကဗျာဆုအတွက် ကိုရွှေးနဲ့ မျိုးဆက်သစ်ဆုကိုတော့ စာရေးဆရာမ ရွှေသင်တို့က ရရှိသွားပါတယ်။ ဆုရရှိသူတစ်ဦးကို ဆုကြေးငွေအဖြစ် ကျပ်ငွေ ၁၄ သိန်းကျော်ချီးမြှင့်ခဲ့ကြောင်း အယ်ဒီတာတစ်ဦးဖြစ်တဲ့ စာရေးဆရာ မျိုးမြင့်ညိမ်းက ပြောပါတယ်။

ဦးမျိုးမြင့်ညိမ်းနဲ့ RFA အဖွဲ့သား ဦးခင်မောင်စိုး ဆက်သွယ်မေးမြန်းခဲ့တာကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။