အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်ပေးရေးအဆို လွှတ်တော်မှာ ဆွေးနွေးမည်


2014.05.29
uthinenyint-305 အမျိုးသားဒီမိုကရေစီပါတီသစ်ရဲ့ (NNDP) ဥက္ကဌ ဦးသိန်းညွှန့်ကို တွေ့ရစဉ်
Photo:Nay Myo Htun, Kyaw Htoon Naing / RFA

နိုင်ငံတော်သမ္မတက အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့် ထုတ်ပြန်ပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က တင်သွင်းပြီး လာမယ့်လွှတ်တော် အစည်းအဝေး တွေမှာ ဆွေးနွေး သွားမယ်လို့ သိရပါတယ်။

သူတင်ပြမယ့် အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်ပေးဖို့အဆို အောင်မြင်နိုင်ကြောင်း ဦးသိန်းညွန့်က ဒီနေ့ သတင်းထောက်တွေကို ပြောပါတယ်။

"အဆိုတခုကို ဆွေးနွေးပွဲပေးတဲ့အတွက်ပဲ မလွဲမသွေ ဆွေးနွေးရတော့မှာပါ၊ အဲ့ဒီအတွက်ပဲ လွှတ်တော်ဥက္ကဌကြီး၊ လွှတ်တော်ဥက္ကဌဟာ အမျိုးကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဝင် လည်းဖြစ်တယ်၊ အဲ့ဒါကြောင့် ဒီအဆိုကို ဆွေးနွေးပွဲ အဂျန်နာထဲ ထည့်ပေးပြီးတာကိုပဲ ကျေးဇူးတင်ပါတယ်၊ အမျိုးသားအင်အားစု သုံးစုဖြစ်တဲ့ ပထမအကြိမ် တုန်းကလိုပဲ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားတွေ တပ်မတော်ခေါင်းဆောင်တွေ အားလုံးညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်လိုက်ရင်တော့ ဒီအဆိုဟာ မအောင်မြင်စရာအကြောင်း မရှိပါဘူး၊တခုပဲရှိတယ် ကျနော်တင်တဲ့ အဆိုဖြစ်တဲ့အတွက် သင်သည်ငါမဟုတ်သောကြောင့် သင့်ကိုငါမထောက်ခံနိုင် ဆိုရင်တော့ မတက်နိုင်ဘူး"

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဦးသိန်းညွန့် တင်သွင်းထားတဲ့အဆိုကို လာမယ့် လွှတ်တော်အစည်းအဝေး မှာ ဆက်လက်ဆွေးနွေးသွားမှာဖြစ်ကြောင်း ဒီနေ့ ပြည်သူ့လွှတ်တော်မှာ ကြေညာခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ နိုင်ငံတော်သမ္မတက နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေး မယ်လို့ ကတိပေး ခဲ့ပေမဲ့ လက်ရှိအကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ ကျန်နေသေးတာ ကြောင့် ဆက်လွှတ်ပေးဖို့တင်သွင်း တာဖြစ်တယ်လို့လည်း ဦးသိန်းညွန့်က ပြောပါတယ်။ ဦးသိန်းညွန့် ဟာ အစိုးရကဖွဲ့စည်းထားတဲ့ လက်ကျန်နိုင်ငံရေး အကျဉ်းသားစိစစ်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။