သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-26
နတ်တလင်းမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ကိုးဦး သေဆုံးခဲ့ပါတယ်။
2022-02-26
မုံရွာ-ယာကြီး လမ်းပိုင်းကို ဒေသခံတွေ အသုံးမပြု ကြဖို့ ယင်းမာပင်-ကနီ မဟာမိတ်တပ်ပေါင်းစုက သတိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2022-02-26
မကွေးတိုင်း၊ ဂန့်ဂေါခရိုင်ထဲမှာ စစ်တပ်နဲ့ ဒေသ ကာကွယ်ရေး တပ်ပေါင်းစုတို့ ငါးရက်ကြာ တိုက်ပွဲ ဖြစ်နေရာ စစ်တပ်က ၂၀ ကျော်သေဆုံးခဲ့ပါတယ်။
2022-02-26
ဒီတစ်ပတ်မှာတော့ စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာလာတဲ့အထိ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ လူငယ်ကျောင်းသားတွေရဲ့ လှုပ်ရှားမှုတွေရှိနေသလို၊ စစ်ကောင်စီဘက်ကလည်း အဖမ်းအဆီး တွေနေ့စဉ်နဲ့အမျှ လုပ်နေတာတွေရှိတဲ့အတွက် “ရန်ကုန်၊ မန္တလေးလူထုလှုပ်ရှားမှုတွေ ဘယ်လောက် ခက်ခဲလာနေလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားပါတယ်။
2022-02-25
မြန်မာစစ်တပ်ဟာ အခုအခါ ပြည်ပက အထူးသဖြင့် ရုရှားနဲ့ တရုတ်က တင်သွင်းတဲ့ လက်နက်သစ်တွေကို အသုံးပြုပြီး ကိုယ့်ပြည်သူကိုယ် တိုက်ခိုက်နေကြောင်း ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။
2022-02-25
မနေ့က ကြားနာစစ်ဆေးမှုအတွင်းမှာ စစ်ကောင်စီက ငှားရမ်းထားတဲ့ ဥပဒေပညာရှင်အဖွဲ့ထဲက ရှေ့နေ Christopher Staker က အိုင်စီဂျေ တရားရုံးဟာ ကမ္ဘာအရပ်ရပ်က နိုင်ငံတကာ ဥပဒေ ချိုးဖောက်တဲ့ ဖြစ်ရပ်အားလုံးကို စီရင်ဆုံးဖြတ်ပိုင်ခွင့် မရှိဘဲ ဥပဒေအရ စီရင်ခွင့်ရှိကြောင်း သတ်မှတ်ပြဌာန်းထားတဲ့ အမှုတွေကိုသာ စစ်ဆေးရမှာ ဖြစ်တဲ့အကြောင်း ပြောသွားပါတယ်။
2022-02-25
စစ်ကောင်စီလက်အောက်ရှိ တပ်ဖွဲ့တွေထဲက အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒု-ဗိုလ်မှူးကြီး နှစ်ဦး ဒီရက်ပိုင်းအတွင်း ဒီမိုကရေစီ ပြန်လည်ရရှိရေးဆောင်ရွက်နေတဲ့ အင်အားစုတွေထံ ခိုလှုံရောက်ရှိလာပြီလို့ သိရှိရပါတယ်။ ဒါဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့တွေထဲက CDM မှာ ပါဝင်လာတဲ့ အဆင့်အမြင့်ဆုံး အရာရှိတွေဖြစ်ပါတယ်။
2022-02-25
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ရခိုင်ပြည်နယ်က စစ်ဘေးရှောင်ဒုက္ခသည်တွေ စားဝတ်နေရေး ပိုပြီး ခက်ခဲလာနေပါတယ်။
2022-02-25
လှော်ကားရွာသား ဦးထွန်းဟာ ကိုယ်ပိုင်နေအိမ်တစ်လုံးဆောက်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားရှာဖွေ စုဆောင်းခဲ့ပြီး မကြာသေးခင်ကမှ အိမ်သစ် ဆောက်လုပ်ပြီးစီးသွားတာပါ။ အခုတော့ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တဲ့ထဲမှာ ဦးထွန်းရဲ့အိမ်ပါ မီးလောင်ပြာကျခဲ့ပါတယ်။
2022-02-25
မြောက်ဦးမြို့နယ် ပန်းမော်ကျေးရွာက ကိုမင်းဒီပါ (ခေါ်) ကိုအောင်မြင့်နိုင်ကို PDF နဲ့ ဆက်စပ်တယ်ဆိုပြီး အလုပ်ကြမ်းနဲ့ ထောင် ၁၀ နှစ်ချမှတ်ခဲ့ပါတယ်။
2022-02-25
ချောင်းခွကျေးရွာက သားအမိသုံးယောက်ဟာ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုတွေကြောင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က သတ်ဖြတ်ခံခဲ့ရပါတယ်။
2022-02-25
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာမြို့နယ်မှာ မွတ်စလင် ရိုဟင်ဂျာ ၇၀ ကျော်ကို ဖေဖော်ဝါရီလ ၂၄ ရက်က စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
2022-02-25
ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရွှေနဲ့ ဒေါ်လာတွေ ပေးတယ်ဆိုပြီး စစ်ကောင်စီက တရားစွဲဆိုထားတဲ့ အဂတိအမှုနဲ့ပတ်သက်လို့ စွဲချက်တင်သင့်၊ မတင်သင့် ဒီနေ့မှာ နှစ်ဖက် စလုံးက လျှောက်လဲချက်ပေးခဲ့ပါတယ်။
2022-02-25
ယူကရိန်းသမ္မတက အခုကျူးကျော်စစ်ကို ယူကရိန်း တစ်နိုင်ငံတည်း ခုခံကာကွယ်နေရပြီး၊ ကမ္ဘာ့အင်အား ကြီးတပ်ဖွဲ့တွေက အဝေးကပဲ စောင့်ကြည့်နေတယ်လို့ ပြောဆိုသွားပါတယ်။
2022-02-25
ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ မနက် ၄ နာရီ ကျော်လောက်က စစ်တပ်နဲ့ ပျူစောထီးတွေ ဝင်ရောက်ပြီး မီးရှို့ခဲ့ပါတယ်။