မီးရှို့ခံရတဲ့ ပုလဲမြို့နယ် လှော်ကားရွာ
2022.02.25
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ညက ပုလဲမြို့နယ်၊ လှော်ကားစံပြကျေးရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ခဲ့ရာမှာ အိမ်ခြေ ၄၀၀ လောက် မီးလောင်ကျွမ်းခဲ့ပါတယ်။
လှော်ကားရွာသား ဦးထွန်းဟာ ကိုယ်ပိုင်နေအိမ်တစ်လုံးဆောက်နိုင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားရှာဖွေ စုဆောင်းခဲ့ပြီး မကြာသေးခင်ကမှ အိမ်သစ် ဆောက်လုပ်ပြီးစီးသွားတာပါ။ အခုတော့ ရွာလုံးကျွတ်နီးပါး မီးလောင်ကျွမ်းခဲ့တဲ့ထဲမှာ ဦးထွန်းရဲ့အိမ်ပါ မီးလောင်ပြာကျခဲ့ပါတယ်။
မခင်မိုးညိုက တင်ပြထားပါတယ်။