နတ်တလင်းက နှစ်ရက်တာ တိုက်ပွဲ စစ်ကောင်စီဘက်က ကိုးဦး သေဆုံး

2022.02.26
နတ်တလင်းက နှစ်ရက်တာ တိုက်ပွဲ စစ်ကောင်စီဘက်က ကိုးဦး သေဆုံး ပဲခူးတိုင်း (အနောက်ပိုင်း)၊ နတ်တလင်းမြို့ကို တွေ့ရစဉ်
Photo: Paungde News Facebook Page

ပဲခူးတိုင်း (အနောက်ပိုင်း)၊ နတ်တလင်းမြို့နယ်မှာ ဖေဖော်ဝါရီ ၂၂ နဲ့ ၂၃ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေကြား တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ကိုးဦး သေဆုံးခဲ့တယ်လို့ Phoenix D F (နတ်တလင်း PDF) ပြန်ကြားရေးက ပြောပါတယ်။

Phoenix D F (နတ်တလင်း PDF) နဲ့ ဇီးကုန်း PDF ပူးပေါင်းတပ်ဖွဲ့ဝင်တို့က စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ရင်းကနေ အပြန်အလှန် ပစ်ခတ်ခဲ့ကြတာလို့ Phoenix DF (နတ်တလင်း PDF ) ပြန်ကြားရေးတာဝန်ခံ ကိုရန်ကြီးအောင်က ပြောပါတယ်။

"စစ်ကောင်စီ ကျဆုံးကတော့ ပထမနေ့မှာ ကျွန်တော်တို့ မိုင်းဆွဲတဲ့နေရာမှာ ကျွန်တော် တို့ မြင်လိုက်ရတယ်။ ငါးယောက် ပွဲချင်းပြီးသေတယ်။ အခြားထိခိုက်ဒဏ်ရာရတာ ရှိလိမ့်မယ်။ ၂၃ ရက်နေ့ဖြစ်စဉ်မှာ ရေနောက်ရွာထိပ်မှာ မိုင်းဆွဲပြီး စစ်ကောင်စီက ဖြန့် တက်လာလို့ တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က ထိခိုက်ကျဆုံးတာကို ပြည်သူတွေကနေ ပြန်ကြားရတာပါ"

ဖေဖော်ဝါရီလ ၂၂ ရက် မနက် ၁၀ နာရီခွဲဝန်းကျင်မှာ နတ်တလင်းမြို့အရှေ့ဘက် တောင်ညိုစခန်းကနေ စမ်းကြီးရွာဘက်ကို ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၂၃ ရက်မှာလည်း ပူးပေါင်းအဖွဲ့တွေက ရေနောက် ရွာထိပ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေကို ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။

ရေနောက်ရွာထိပ်က တိုက်ပွဲမှာ ၁၀ မိနစ်လောက် အပြန်အလှန် ပစ်ခတ်ခဲ့ပြီး စစ်ကောင် စီဘက်က လေးဦး သေဆုံးခဲ့သလို PDF ဘက်က တစ်ဦး ဒဏ်ရာရပြီး တစ်ဦးအဖမ်းခံ လိုက်ရတယ်လို့ ပြောပါတယ်။

အဲဒီတိုက်ပွဲကြောင့် တောင်ညိုကွက်သစ်မှာနေတဲ့ အမျိုးသမီးအချို့နဲ့ လူငယ်အချို့လည်း သံသယနဲ့ စွပ်စွဲခံရကာ အဖမ်းခံရပြီး အဲဒီထဲမှာ ဒုက္ခိတ တစ်ဦးလည်း အဖမ်းခံလိုက်ရ တယ်လို့ သူတို့နဲ့ နီးစပ်သူတစ်ဦးက ပြောတယ်။

ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်ကလည်း ရေကြည်ရွာကနေ သရက်မြောင် ရွာဘက်သွားတဲ့ စစ်ကြောင်းကို နတ်လင်း PDF က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်က အရာရှိတစ်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။