သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-04-08
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖဲ့ွတွေအားလုံး သဘောတူညီနိုင်မယ့် တစ်နိုငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်းတစ်ခု ရေးဆွဲနိုင်ဖို့အတွက် ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဧပြီလ ၄ ရက်နေ့ကစပြီး ဆွေးနွေးနေကြပါတယ်။ RFA သတင်းထောက် မစန်းမော်အောင်က တင်ပြထားပါတယ်။
2014-04-08
ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာကြီးအဖြစ် တင်စားသတ်မှတ်ခံခဲ့ရတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ပြတိုက်ခြံဝင်းထဲမှာ ဘာသာစကား ၈ မျိုးနဲ့ ရေးထိုးထားတဲ့ One World လို့အမည်ပေးထားတဲ့ ငြိမ်းချမ်းရေး ကျောက်စာတိုင်ကို ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့ ညနေပိုင်းက စိုက်ထူဖွင့်လှစ်လိုက်ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်
2014-04-07
ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု ကူညီစောင့်ရှာက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြတဲ့ ကုလသမဂ္ဂအပါအဝင် အစိုးရမဟုတ်တဲ့ ကူညီရေးအဖွဲ့တွေ ကို အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး ၊ ကျန်ရစ်ခဲ့တဲ့ ဒုက္ခသည် စခန်းတွေမှာ ရေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ အကြီးအကျယ်ချို့တဲ့သွားစေတဲ့ လုပ်ရပ်တွေဟာ လူကို လူလိုသဘောမထားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ရာရောက် တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tomas Ojea Quintana က ပြောလိုက်ပါတယ်။
2014-04-07
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့ အထက် ၃ မိုင်အကွာမှာရှိတဲ့ တရားမဝင် ရွှေတူးဖေါ်တဲ့လုပ်ငန်းတွေကြောင့် အနီးအနား ကကျေးရွာ ၂၀ လောက်မှာ သီးနှံစိုက်ခင်းတွေ ပျက်စီးနေရ တဲ့အတွက် ကချင်ပြည်နယ် အစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ အဆိုကို ကချင်ပြည်နယ် လွှတ်တော်မှာ မနေ့က ဆွေးနွေးခဲ့ ကြပါတယ်။
2014-04-07
ပဲခူးတိုင်းအနောက်ခြမ်း ပြည်ခရိုင် ပန်းတောင်းမြို့နယ် မကျည်းပင်-ကြာအင်းရွာက လယ်သမား ၁၂ ဦး ကို ဖမ်းဆီးထားတာ အမြန်ဆုံးပြန်လွှတ်ပေးဖို့ AHRC အာရှလူ့အခွင့်အရေးကော် မရှင်က မနေ့က မေတ္တာရပ်ခံလိုက်ပါတယ်။
2014-04-07
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ 'တန်ခူးရင်ခွင်' သံချပ်အဖွဲ့ ဒီနေ့ ညနေပိုင်းက သွားရောက်ပြီး သံချပ်ထိုး ဖျော်ဖြေခဲ့ကြပါတယ်။
2014-04-07
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် သင်တန်းပေးပြီး ဝမ်ပေါင် ကုမ္ပဏီမှာ ခန့်အပ်ထားတဲ့ ဒေသခံ ဘွဲ့ရလူငယ်တွေက လစာတိုးတောင်းတာနဲ့ ပတ်သက်ပြီး ကုမ္ပဏီက ငြင်းဆိုလိုက်တယ်လို့ သိရပါတယ်။
2014-04-07
ဒီမိုကရက်တစ် မြန်မာ့အသံ DVB သတင်းထောက် ကိုဇော်ဖေနဲ့ မကွေးမြို့ခံ ကိုဝင်းမြင့်လှိုင် တို့ကို မကွေးခရိုင်တရားရုံးက ပုဒ်မနှစ်ခုနဲ့ ဒီနေ့ ထောင်ဒဏ် တစ်နှစ်စီ ချမှတ်လိုက်ကြောင်း DVB က သတင်းထုတ်ပြန်ပါတယ်။
2014-04-07
ကချင်ပြည်နယ်ထဲက အစိုးရအုပ်ချုပ်ရေးနယ်မြေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO စိုးမိုးထား တဲ့ဒေသနဲ့ ထိစပ်နေတဲ့ကျေးရွာတွေမှာ နှစ်ဖက်ညှိနှိုင်းပြီး သန်းခေါင်စာရင်း ကောက်ယူနေတယ်လို့ ပြည်နယ်ဝန်ကြီး ချုပ် ဦးလဂျွန်ငန်ဆိုင်းက RFA ကို ဒီနေ့ ပြောကြားပါတယ်။
2014-04-07
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် မူကြမ်းရေးဆွဲရေးအတွက် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆွေးနွေးပွဲကနေ ပထမအဆင့် အပစ်ရပ်စာချုပ်မူကြမ်း တစ်စောင်ကို မနက်ဖြန်မှာ ထုတ်ပြန်သွားမှာဖြစ်ကြောင်း ဒီနေ့ ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ နှစ်ဖက်ခေါင်းဆောင်တွေက ပြောကြားလိုက် ကြပါတယ်။
2014-04-07
လှည်းကူးမြို့၊ မြို့မဈေးမှာ ဧပြီ်လ ၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ် အတွင်း ပါဝင်ပတ်သက်သူ ၁၉ ဦးကို ဖမ်းဆီးထားပြီး အဲဒီနေ့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူတွေရဲ့ ဗီဒီယိုမှတ်တမ်းကို ပြန်လည်ကြည်ရှုပြီး ဆက်လက်ဖမ်းဆီး စစ်ဆေးသွားမယ်လို့ သိရပါတယ်။
2014-04-07
အခုတစ်ပတ် စကားဝိုင်း မှာ မြို့ရွာ အများအပြားမှာ ကျူးကျော်ရပ်ကွက် ကျူးကျော်နေအိမ်တွေကို အာဏာပိုင်တွေက အကြမ်းဖက် ဖယ်ရှား ဖျက်စီးနေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးထားပါတယ်။
2014-04-06
ထားဝယ်မြို့အနီးရှိ လယ်မြေဧက ၃ဝဝ ကျော်ကို အာဏာပိုင်တွေက မြို့တိုးချဲ့ဖို့အတွက် ဆိုပြီး ယန္တယားစက်ကြီးများနဲ့ ထိုးကော် တူးဆွနေတယ်လို့ သိရပါတယ်။
2014-04-06
အာဆီယံနိုင်ငံတွေကြား ဘဏ္ဍာရေး ဆိုင်ရာလုပ်ငန်းတွေ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး ဆိုတဲ့ အိမ်ရှင် မြန်မာနိုင်ငံရဲ့ အဆိုကို အာဆီယံနိုင်ငံတွေက စနေနေ့ က သဘောတူခဲ့ကြပါတယ်။
2014-04-06
ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် ဧရာဝတီမြစ်ဆုံနားက တန်ဖဲကျေးရွာအထိ ဧရာဝတီမြစ်ဆုံစီမံကိန်း လုံးဝဖျက်သိမ်းဖို့အတွက် လမ်းလျှောက်ဆန္ဒပြတဲ့ ဦးဆောင်ကော်မတီဝင် ကိုးဦးထဲ က လေးဦးဟာ မနေ့က လမ်းလျှောက်အဖွဲ့ကနေ နှုတ်ထွက် လိုက်တယ်လို့ သိရပါတယ်။