ဒေါ်အောင်ဆန်းစုကြည်ကို သံချပ်အဖွဲ့ သွားရောက်ဖျော်ဖြေ


2014.04.07
tagu-yinkwe-305.jpg ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့မှာ ဧပြီလ ၄ ရက်နေ့က တန်းခူးရင်ခွင် အဖွဲ့ သံချပ်ထိုးနေစဉ်
photo: Kyaw Zaw Win, Kyaw Htoon Naing/RFA

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ 'တန်ခူးရင်ခွင်' သံချပ်အဖွဲ့ ဒီနေ့ ညနေပိုင်းက သွားရောက်ပြီး သံချပ်ထိုး ဖျော်ဖြေခဲ့ကြပါတယ်။

သြင်္ကန်မတိုင်ခင်မှာ အခုလို သံချပ်ဖျော်ဖြေရတဲ့ အကြောင်းကို တန်ခူးရင်ခွင် သံချပ်အဖွဲ့ခေါင်းဆောင် လည်းဖြစ်၊ မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး ဥက္ကဋ္ဌ ကိုဇွဲရန်နိုင်က ခုလိုရှင်းပြပါတယ်။

"ကျနော်တို့ ဒီနေ့ မြန်မာနိုင်ငံ လူငယ်များအစည်းအရုံး တန်းခူးရင်ခွင် သံချပ်အဖွဲ့ကပါ၊ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့ကို လူဦးရေ ၂ဝ ကျော်နဲ့ လာပါတယ်၊ သံချပ်ထိုးနေတဲ့ လူတွေအပြင် နောက်က အထောက်အကူပြုအဖွဲ့တွေ ပါပါသေးတယ်၊ မူလကတော့ သြင်္ကန်အတွင်းမှာ ဖျော်ဖြေဖို့စီစဉ်ထားတာပါ၊ ဒါပေမဲ့ အန်တီက ဂျာမနီ၊ ပြင်သစ် ခရီးစဉ်ရှိတယ်ဆိုတာ သိရတဲ့အတွက် ကြိုလာဖျော်ဖြေတာဖြစ်ပါတယ်"

တန်ခူးရင်ခွင် သံချပ်အဖွဲ့ဟာ သြင်္ကန်ကာလမှာ ရန်ကုန်မြို့က ဖိတ်ကြားထားတဲ့နေရာတွေ၊ ရေကစားမဏ္ဍပ်တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ ဖျော်ဖြေသွားမယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး RFA သတင်းထောက် ကိုကျော်ထွန်းနိုင်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။