သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-10-08
မန္တလေးတိုင်း၊ သာဝတ္တိမြို့က "စမတောင် မဟာ ပရဟိတဂေဟာ" မှာ မိဘမဲ့ ကလေးသူငယ်တွေကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့တာ နှစ်ပေါင်း ၂ဝ ကျော်ပြီ ဖြစ်ပါတယ်။ စမတောင် မိဘမဲ့ကလေးဂေဟာ အကြောင်းကို RFA သတင်းထောက် ကိုမျိုးဇော်ကိုက တင်ပြထားပါတယ်။
2013-10-08
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတဝိုက်က မြေယာလျော်ကြေး မယူထားတဲ့ ဒေသခံတွေဟာ သူတို့ပိုင်လယ်ယာမြေတွေပေါ်မှာ ဒေသခံ ရဲတပ်ဖွဲ့က ခြံစည်းရိုးခတ်ပြီး ကင်းစခန်း ဖွင့်ခဲ့တဲ့အတွက် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-10-08
မြန်မာ့ပညာရေးကို လက်တွေ့ ကျကျ ပြုပြင်ပြောင်းလဲဖို့အတွက် ပညာရှင်တွေရဲ့ အကြံဉာဏ်တွေကို စုစည်းပြီး မြန်မာ့ပညာရေး မြှင့်တင်ရေး အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ သမ္မတ ဦးသိန်းစိန်က ပြော ပါတယ်။
2013-10-08
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ ဘာသာလူမျိုးအခြေခံ အကြမ်းဖက် ပဋိပက္ခတွေကြောင့် တိုးတက် ဖွံ့ဖြိုးစပြု လာနေတဲ့ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်နိုင်ဖွယ်ရှိနေ တယ်လို့ AFP သတင်းက ဖေါ်ပြပါတယ်။
2013-10-08
အိန္ဒိယ တာတာ စွမ်းအင် ကုမ္ပဏီ ဟာ မြန်မာနိုင်ငံမှာ ကျောက်မီးသွေးသုံး ဓါတ်အားပေးစက်ရုံ တစ်ရုံ တည်ဆောက်မယ်လို့ Business Line သတင်းက ဖေါ်ပြပါတယ်။
2013-10-07
ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းထား သူတွေကို ပြန်လွှတ်ပေးဖို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP နဲ့ ရခိုင်ပြည်နယ်ကိုယ်စားပြု အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေးအဖွဲ့က ဒီနေ့ ကြေငြာ ချက်ထုတ်ပြီး တောင်းဆိုလိုက်ပါတယ်။
2013-10-07
အိန္ဒိယနိုင်ငံမှာ ကွယ်လွန်သွားခဲ့တဲ့ ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာရဲ့ အရိုးပြာကို လာမယ့် အောက်တိုဘာလ ၁၀ ရက်နေ့မှာ ဆရာကြီး ရဲ့ နောက်ဆုံးဆန္ဒအတိုင်း ဧရာဝတီမြစ်နဲ့ ရန်ကုန်မြစ် အတွင်း ခွဲပြီးမျှောချသွားမှယ်လို့ သိရပါတယ်။
2013-10-07
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ မနက်ဖြန် ကျင်းပမယ့် ကေအိုင်အိုနဲ့ အစိုးရ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်းခေါင်းဆောင် တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ ကေအိုင်အို ကိုယ်စားလှယ် အဖွဲ့တွေ မြစ်ကြီးနားမြို့ကို ဒီကနေ့ရောက်ရှိနေ ပြီ ဖြစ်ပါတယ်။
2013-10-07
သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရနဲ့ အစ္စလာမ့်ဗိမာန် အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးအေးလွင်တို့ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ဒီကနေ့ ဒေသခံတွေနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကိစ္စတွေ ဟောပြောခဲ့ကြပါတယ်။
2013-10-07
ထိုင်းနိုင်ငံ ရနောင်းမြို့က ပါနမ့်ဆိပ်ကမ်း မှာ ဆိုက်ကပ်ထားတဲ့ မြန်မာနိုင်ငံက ငါးဖမ်းစက်လှေတစ်စီးပေါ်မှာ ဂတ်စ်အိုးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့လို့ စက်လှေပေါ်မှာ လိုက်ပါသွားတဲ့ မြန်မာနိုင်ငံသား ၁ ယောက် သေဆုံးခဲ့ပြီး ၆ ယောက်ကတော့ မီးလောင်ဒဏ်ရာတွေ အပြင်းအထန် ရရှိခဲ့တယ်လို့ သိရပါတယ်။
2013-10-07
ရန်ကုန်-မန္တလေး ကားလမ်းတစ်လျှောက် တရားဝင်ခွင့်ပြုချက်မရှိပဲ ဖွင့်လှစ်ရောင်း ချနေတဲ့ စက်သုံးဆီဆိုင်လုပ်ငန်းတွေ ကို ပြည်ထောင်စုအစိုးရနဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က အရေးယူဆောင်ရွက်ဖို့ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်က ပြောကြားလိုက်ပါတယ်။
2013-10-06
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ ဗောဓိကုန်း ရပ်ကွက်မှာ မနေ့ညက အစ္စလာမ် ဘာသာဝင်တွေရဲ့ နေအိမ် ၅ လုံးကို ဒေသခံတွေက ဖျက်ဆီးလိုက်တယ်လို့ မျက်မြင်သက်သေတွေက ပြော ပါတယ်။
2013-10-06
အောက်တိုဘာ ၈ ရက်နေ့မှာ စတင်မယ့် အစိုးရနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ ပြည်ထောင်စုအဆင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ကုလသမဂ္ဂနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၁ ဖွဲ့ကို ဖိတ်ကြားထားတယ်လို့ သိရပါတယ်။
2013-10-06
ရခိုင်ပြည်နယ် သံတွဲမြို့မှာ ဖြစ်ပွား ခဲ့တဲ့ နေအိမ်မီးရှို့ တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ သံသယရှိသူ စုစုပေါင်း ၄၄ ဦးကို သံတွဲမြို့ ရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပြီလို့ သိရပါတယ်။