ဆရာကြီး ဦးဂိုအင်ကာရဲ့ အရိုးပြာ ဧရာဝတီမြစ်အတွင်း မျှောမည်


2013.10.07
goenka-305.jpg ရန်ကုန်မြို့၊ ငါးထပ်ကြီးဘုရားလမ်း ဓမ္မဇောတိ ဝိပဿနာရိပ်သာမှာ အောက်တိုဘာလ ၇ ရက်နေ့က ဝိပဿနာဆရာကြီး ဦးဂိုအင်ကာရဲ့ အရိုးပြာအိုးကို တွေ့ရစဉ်
photo: RFA/ Thiha Tun

အိန္ဒိယနိုင်ငံမှာ  ကွယ်လွန်သွားခဲ့တဲ့  ဝိပဿနာ ဆရာကြီး ဦးဂိုအင်ကာရဲ့ အရိုးပြာကို လာမယ့် အောက်တိုဘာလ ၁ဝ ရက်နေ့မှာ  ဆရာကြီးရဲ့ နောက်ဆုံးဆန္ဒအတိုင်း ဧရာဝတီမြစ်နဲ့ ရန်ကုန်မြစ်အတွင်း ခွဲပြီးမျှောချသွားမှယ် လို့ သိရပါတယ်။

ရန်ကုန်မြို့၊ ဓမ္မဇောတိ ဝိပဿနာ  ရိပ်သာတာဝန်ခံ ဦးဆန်နီက ဆရာကြီး ဦးဂိုအင်ကာ အရိုးပြာ ဧရာဝတီမြစ်အတွင်း မျှောမယ့်အကြောင်း အခုလိုပြောပါတယ်။

"သူက အိန္ဒိယလူမျိုးဖြစ်ပေမယ့် သူ့ရဲ့မွေးရပ်ဇာတိ က မြန်မာနိုင်ငံ မန္တလေးမြို့မှာ ဖြစ်တယ်လေ၊ မန္တလေးမြို့ ဟာ ဧရာဝတီမြစ်ရဲ့ နားမှာကိုး၊ နောက်မြစ်ရဲ့အစ က မြစ်ကြီးနားမှာဆိုတော့ ကျနော်တို့ မြစ်ကြီးနားမှာ စမယ်၊ ဧရာဝတီမြစ်ကိုလည်း ငယ်ငယ်ကတည်းက သူအင်မတန်မှ ချစ်မြတ်နိုးခဲ့တာ၊ ဧရာဝတီမြစ်အတွက် သူကဗျာရေးထားတာလည်းရှိတယ်"

ဆရာကြီး ဦးဂိုအင်ကာရဲ့  အရိုးပြာအိုးကို အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့ကနေ ရန်ကုန်မြို့ ငါးထပ်ကြီးဘုရားလမ်း ဓမ္မဇောတိ ဝိပဿနာရိပ်သာကို ဒီကနေ့ မနက်ပိုင်းက သယ်ဆောင်လာခဲ့ပါတယ်။

မန္တလေးမြို့မှာ ၁၉၂ ခုနှစ်က မွေးဖွားပြီး အိန္ဒိယနိုင်ငံနှင့် ကမ္ဘာ့ဒေသ အနှံ့အပြားမှာ ိပဿနာတရား ဖြန့်ဖြူးပေးခဲ့တဲ့ ိပဿနာဆရာကြီး ဦးဂိုအင်ကာဟာ အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်း (ခေါ်) ဘုံဘေမြို့နေအိမ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၉ ရက်နေ့က ကွယ်လွန်သွားခဲ့ပါတယ်။

ဆရာကြီးဦးဂိုအင်ကာ ဦးစီးတည်ထောင်ထားတဲ့ ိပဿနာ တရားရိပ်သာတွေဟာ နိုင်ငံပေါင်းကိုးဆယ်ကျော်မှာ အရေအတွက် ၁၇ ကျော်ရှိနေသလို မြန်မာနိုင်ငံမှာလည်း  ၂ ကျော်ရှိတယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။