သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-09-04
မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် FTUB ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမောင်မောင်ဟာ ၂၄ နှစ်တာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီကနေ့ မနက်ပိုင်းက မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာပါတယ်။
2012-09-04
CPRCG ခေါ် နိုင်ငံသားနဲ့ နိုင်ငံရေး အခွင့်အရေး လှုပ်ရှား ဆောင်ရွက်ရေးအဖွဲ့က ရေတာရှည်မြို့နယ်မှာ လယ်ယာမြေ သိမ်းခံရတဲ့ လယ်သမားကြီးတွေနဲ့ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခု စက်တင်ဘာလ ၃ ရက်နေ့ ၁ နာရီကနေ ၄ နာရီထိ ရေတာရှည်မြို့နယ် NLD ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။
2012-09-03
သမ္မတ ဦးသိန်းစိန်က ပြန်ကြားရေး ဝန်ကြီးဌာန ခေါင်းဆောင်ပိုင်းကို အပြောင်းအလဲ လုပ်လိုက်ပြီး နောက်ပိုင်း ကိုယ်ပိုင် ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေရေး အပါအဝင် မြန်မာနိုင်ငံရဲ့ စာနယ်ဇင်း လွတ်လပ်ခွင့် အလားအလာတွေနဲ့ ပတ်သက်လို့ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးသစ် ဦးရဲထွဋ္ဋ်ကို RFA အဖွဲ့သား ဦးကျော်ကျော်အောင်က ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2012-09-03
မကြာသေးခင်က အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ပထမဆုံး ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ မနေ့မနက်ပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။
2012-09-03
ရခိုင်ပြည်နယ် ပေါက်တောမြို့ရဲ့တောင်ဘက် ၈ မိုင်အကွာ ဆင်ပိုက်ကျေးရွာက လယ်သမား ၁၄ ဦးဟာ သိမ်းယူခံထားရတဲ့ သူတို့ရဲ့ လယ်ယာမြေတွေပေါ်မှာ ပြန်လည်လုပ်ကိုင်ဖို့ ကြိုးစားခဲ့တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင် ၅ ဦးက ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၉၅ ဓားပြမှုနဲ့ စွဲဆိုထားပြီး အာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေကြောင်း RFA က စုံစမ်းသိရပါတယ်။
2012-09-03
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ ပထမဦးဆုံးအကြိမ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို အခုလ ၁၄ ရက်နဲ့ ၁၅ ရက်တွေမှာ ကျင်းပဖို့ရှိပြီး ရန်ကုန်မြို့က ထင်ရှားတဲ့ သဘာ၀ ပတ်ဝန်းကျင်အရေး ကျွမ်းကျင်သူတွေ လာရောက် ဟောပြောကြမယ်လို့ သတင်းရရှိပါတယ်။
2012-09-03
မသင်းသီရိ စီစဉ်တင်ဆက်တဲ့ ခြေလှမ်းတိုင်းမှာ ပန်းပွင့်စေ အစီအစဉ် ဖြစ်ပါတယ်။
2012-09-03
မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်း နာယကဆရာတော် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဝီရသူ ဦးဆောင် စီစဉ်ထားတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ရခိုင်ပြည်နယ်အရေး ရပ်တည်ချက် ထောက်ခံ ဆန္ဒပြပွဲတွေကို အာဏာပိုင်တွေဘက်က ခွင့်ပြုမိန့် ချထားပေးခဲ့ပြီး ဖြစ်ပါတယ်။
2012-09-03
လက်ရှိ မြန်မာ့အရေးအတွက် အမေရိကန် ပြည်ထောင်စုမှာ အခြေစိုက် ဆောင်ရွက်နေတဲ့ ၈၈ အရေးအခင်းမှာ ဦးဆောင်ပါဝင်ခဲ့သူ ကျောင်းသား ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို ငြိမ်းချမ်းရေး မစ်ရှင်အနေနဲ့ ရောက်ရှိလာပါတယ်။
2012-09-03
မြန်မာနိုင်ငံမှာ နေ့စဉ်ထုတ် သတင်းစာတွေ မကြာခင်မှာ ထုတ်ဝေခွင့် ပြုတော့မှာဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်က ပြောကြားလိုက်ပါတယ်။
2012-09-03
မြန်မာ့တပ်မတော်ထဲမှာ အရွယ်မရောက်သေးဘဲ စစ်မှုထမ်းနေတဲ့ ကလေးစစ်သား ၄၂ ဦးကို စစ်တပ် အရာရှိကြီးတွေကိုယ်တိုင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေရဲ့ ရှေ့မှောက်မှာ အုပ်ထိန်းသူ မိဘတွေထံ ပထမဆုံးအကြိမ် လွှဲပြောင်းပေးအပ်ပွဲကို ရန်ကုန်တိုင်း လှိုင်မြို့နယ်၊ ဘုရင့်နောင် လမ်းမကြီးပေါ်မှာရှိတဲ့ အမှတ် (၁) စစ်ကြောရေးနဲ့ တည်းခိုရေးစခန်းမှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2012-09-03
အခြေခံဥပဒေခုံရုံး စုံစမ်းရေးအဖွဲ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာနဲ့ အဖွဲ့ဝင်တွေကို အခြေခံ ဥပဒေခုံရုံးက ကန့်ကွက်လိုက်တဲ့အတွက် အမ်း မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဆွေကို စုံစမ်း စစ်ဆေးရေး အဖွဲ့ရဲ့ ဥက္ကဋ္ဌ အသစ်အဖြစ် ပြောင်းလဲ တာဝန် ပေးအပ်လိုက်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-09-03
ထိုင်း-မြန်မာနယ်စပ် အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ဟာ ၂၄ နှစ်တာအတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ နေ့လည်ပိုင်းက ပြန်လည် ရောက်ရှိလာပါတယ်။
2012-09-03
၂၄ နှစ်တာအတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာကြတဲ့ ဦးမိုးသီးဇွန် ဦးဆောင်တဲ့အဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ ရွှေဂုံတိုင် ယုဇနဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ပါတယ်။
2012-09-03
ရခိုင်အမျိုးသားများ ကွန်ရက်က ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် မြို့နယ်က ကျောင်းသားတွေအတွက် လိုအပ်တဲ့ ကျောင်းသုံးပစ္စည်း သိန်း ၁၂၀ ကျော်ဖိုးကို စက်တင်ဘာ ၇ ရက်နေ့မှာ သွားရောက်လှူဒါန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။