လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မြန်မာနိုင်ငံကိုရောက်ရှိ

ထိုင်း-မြန်မာနယ်စပ် အခြေစိုက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ဟာ ၂၄ နှစ်တာအတွင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံကို ဒီကနေ့ နေ့လည်ပိုင်းက ပြန်လည် ရောက်ရှိလာပါတယ်။

2012.09.03
aung-moe-zaw-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၃ ရက်က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကို ကြိုဆိုသူများနှင့်အတူ တွေ့ရစဉ်။
RFA

ဒီခရီးစဉ်အတွင်း သူ့အနေနဲ့ ပြောင်းလဲလာတဲ့ နိုင်ငံရေး ဖြစ်စဉ်ထဲမှာ ပါဝင်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ ဦးအောင်မိုးဇော်က ရန်ကုန်လေဆိပ်မှာ RFA ကို ပြောကြားခဲ့ပါတယ်။

"အဓိက ရည်ရွယ်ချက် ၂ ခုပေါ့။ တစ်ခုကတော့ ကျွန်တော်တို့ တစ်ဦးချင်း အနေနဲ့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့ အဖွဲ့အစည်း အနေနဲ့ပဲ ဖြစ်ဖြစ် ကနေ့ နိုင်ငံရေး ဖြစ်စဉ်ထဲမှာ ဘယ်လို ပါဝင်လို့ရမလဲဆိုတဲ့ ကိစ္စ၊ အဲတာ လုပ်ဖို့အတွက်ကို ကျွန်တော်တို့ ဒီမှာ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ပြည်တွင်းက ရဲဘော်တွေရှိတယ်။ သူတို့နဲ့ ဆွေးနွေးဖို့ လိုတယ်။ သူတို့နဲ့ တိုင်ပင်ဖို့ လိုတယ်။ ဒါတစ်ခုပေါ့။ ဒုတိယ တစ်ခုကတော့ အစိုးရပိုင်းက ပုဂ္ဂိုလ်တွေနဲ့ တွေ့လို့ရှိရင်လည်းပဲ ဒီကိစ္စကို သူတို့နဲ့ တင်ပြဆွေးနွေး သွားဖို့ ဖြစ်ပါတယ်။ အဓိက အချက်ကတော့ ဒီနှစ်ခုပါ"

ဦးအောင်မိုးဇော်ဟာ အခုခရီးစဉ်အတွင်း သူ့ရဲ့နိုင်ငံရေး လုပ်ဖော် ကိုင်ဖက်တွေ၊ ဦးသိန်းစိန် အစိုးရအဖွဲ့က တာဝန်ရှိသူတွေ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ တွေ့ဆုံဖို့ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။

သူ့ကို လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ တံဆိပ်တွေ စာတမ်းတွေ ကိုင်ဆောင်ထားကြတဲ့ လူ ၁၀၀ လောက်က မင်္ဂလာဒုံလေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။