လူ့ဘောင်သစ် နှစ်ပါတီ ပေါင်းစည်း
2015.06.28

လူ့ဘောင်သစ်ပါတီနဲ့ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီတို့ဟာ လူ့ဘောင်သစ် ပါတီအမည်နဲ့ တစ်ပါတီ တည်းအဖြစ် ပေါင်းစည်းကြောင်း ပြောပါတယ်။
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ကျင်းပပြီး ပါတီ နှစ်ခု ပေါင်းစည်းလိုက်တဲ့ ရည်ရွယ်ချက်ကို လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌ ဦးဇေယျက ပြောပါတယ်။
"အခုလည်းပဲ ကျနော်တို့ နိုင်ငံရေးယုံကြည်ချက်တွေအရ နိုင်ငံရေးပေါ်လစီတွေ၊ မူဝါဒတွေ ညှိနှိုင်းပြီးတော့ ဒီပါတီရဲ့မူဝါဒတွေ၊ ပေါ်လစီတွေ၊ နိုင်ငံရေး လမ်းစဉ်တွေ၊ လုပ်ငန်းစဉ်တွေအပေါ်မှာ ကျနော်တို့ညှိနှိုင်းသဘော တူညီချက်အရ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်၊ အဲ့တွက်လည်း ကျနော်တို့ သဘောတူညီချက်အရ လူ့ဘောင်သစ်ပါတီ အနေနဲ့ ဆက်လက်ရပ်တည်သွားမယ်လို့ ဆုံးဖြတ်သဘောတူထားပြီးဖြစ်ပါတယ်၊ ကျနော်တို့ ယုံကြည်ချက်အရ၊ ကိုင်စွဲထားတဲ့မူဝါဒတွေအရ ကျနော်တို့ သဘောတူညီပြီး ပေါင်းစည်းတာဖြစ်ပါတယ်"
လူ့ဘောင်သစ်ပါတီကို ဒီမိုကရေစီရေး ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ အမျိုသားပြန်လည်သင့်မြတ်ရေး နဲ့ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးစတဲ့ မူဝါဒတွေနဲ့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ထိုင်း မြန်မာနယ်စပ်ကနေ ပြန်လည်ရောက်ရှိလာတဲ့ လူ့ဘောင်သစ် ဒီမိုကရက် တစ်ပါတီနဲ့ လူ့ဘောင်သစ် ပါတီ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဆိုပြီး ပါတီ ၃ ခုရှိခဲ့ရာကနေ အခုဆိုရင် ပါတီ ၂ ခုသာ ရှိတော့ မှာ ဖြစ်ပါတယ်။
လူ့ဘောင်သစ်ပါတီနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့ ပေါင်းစည်းရေးမှာ အခက်အခဲတချို့ရှိပေမဲ့ တစ်ပါတီ တည်းဖြစ်အောင် ဆက်လက်ညှိုနှိုင်းသွား မှာဖြစ်တယ်လို့ သိရပါတယ်။