နိုင်ငံ့အကျိုး သယ်ပိုးဖို့ ဦးသိန်းစိန် ပြောကြား


2016.05.24
theinsein-620 ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ဥက္ကဌ သမ္မတဟောင်း ဦးသိန်းစိန်ကို တွေ့ရစဉ်
Photo: President Office Website

ပြီးခဲ့တဲ့အစိုးရလက်ထက်က တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ကြီး၊ ဒုဝန်ကြီးဟောင်းတွေအနေနဲ့ အငြိမ်းစားဖြစ် သွားပေမယ့် နိုင်ငံ့ကောင်းကျိုးကို ဆက်လက် သယ်ပိုးဆောင်ရွက်ဖို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ဥက္ကဋ္ဌ သမ္မတဟောင်း ဦးသိန်းစိန်က ဒီနေ့ ပြောပါတယ်။

ရန်ကုန်တိုင်း ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီရုံးမှာ ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်က ခေါ်ယူတွေ့ဆုံပြီး ပြောခဲ့တာ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန် ကြီးဟောင်း ဦးခင်ရီက ပြောပါတယ်။

"အဓိကကတော့ ဒီပုဂ္ဂိုလ်တွေက တိုင်းပြည်မှာအငြိမ်းစားဖြစ်သွားပြီ၊ ဘာအလုပ်မှမရှိဘူးလို့မထင်ကြ နဲ့ နိုင်ငံ့ကောင်းကျိုးအတွက်၊ ပြည်သူ၊ ပြည်သားတွေ အတွက် ကောင်းရာကောင်းကျိုးလုပ်ဖို့ တာဝန်ရှိတယ်၊ ကျရာကဏ္ဍကနေ ကိုယ်တတ်ထားတဲ့ပညာ၊ ကိုယ်တတ်ထားတဲ့ အတွေ့အကြုံနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင်ဆောင်ရွက်ကြဖို့လိုတယ်ဆိုတာကို ခေါ်ပြောတာပါ"

ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်ဟာ နှစ်ပတ်ခြား တစ်ခါ ပါတီတာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားမယ်လို့လည်း ဦးခင်ရီ က ပြောပါတယ်။ ဒီနေ့ တွေ့ဆုံပွဲကို ဝန်ကြီး၊ ဒုဝန်ကြီးဟောင်းတွေနဲ့ အငြိမ်းစား လွှတ်တော်ရုံး ဝန်ထမ်းတွေ ၇၀ ကျော် တက်ရောက်ခဲ့ပါတယ်။

မနေ့ကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ကျစ်လစ်မှုရှိရှိ ပြန်လည်ဖဲ့ွစည်းဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲ အတွက် ကြိုတင်ပြင်ဆင်ဖို့ ကိစ္စတွေကို ရန်ကုန်တိုင်းဒေသကြီး ပါတီတာဝန်ရှိသူတွေကို တွေ့ဆုံမှာ ကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။