ရခိုင်အမျိုးသားများကွန်ရက် ကျောင်းသုံးပစ္စည်း သိန်း ၁၂၀ ကျော်ဖိုး လှူဒါန်းမည်
2012.09.03
အဲဒီ အလှူငွေ သိန်း ၁၈၀ ဟာ သြဂုတ်လ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်က ကျောင်းသားတွေအရေး ကူညီဖို့ ကျင်းပတဲ့ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲက ရရှိခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ ဒေသအသီးသီးက ရခိုင်အမျိုးသား ကွန်ရက်ကို လာရောက် လှူဒါန်းထားတဲ့ အစားအစာ၊ အဝတ်အထည်နဲ့ တခြားပစ္စည်းတွေကိုတော့ သူတို့သွားရောက်မယ့် မြို့နယ်တွေ အတွင်းက ဒေသခံတွေကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့ ရခိုင်အမျိုးသားကွန်ရက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်က RFA ကိုပြောပါတယ်။
"ရခိုင်ပြည်နယ်မှာရှိတဲ့ ဒေသခံ ပြည်သူလူထုနဲ့ တွေ့ဆုံပြီးတော့ ဒေသခံ ပြည်သူတွေရဲ့ အသံကို ကျွန်တော်တို့ နားထောင်ကြမှာပါ။ ရခိုင်ပြည်သူလူထုရဲ့ အဓိက လိုအပ်ချက်၊ ပြောရရင်တော့ ဒေသခံလူထုရဲ့ ဦးနှောက်နဲ့ နှလုံးသားကလာတဲ့ ခံစားချက်တွေကို ကျွန်တော်တို့ နားထောင်ပြီးတော့ အသံမဲ့နေတဲ့ နေရာက အသံတွေ ရှာဖွေဖော်ထုတ်မှုတွေ ကျွန်တော်တို့လုပ်မယ်။ နောက်ပြီးတော့ ဒီမှာရှိတဲ့ ကျန်တဲ့ တိုင်းရင်းသား အင်အားစုတွေ၊ ကျန်တဲ့ အဖွဲ့အစည်းက လူတွေနဲ့ ကျွန်တော်တို့ ပူးပေါင်း ညှိနှိုင်းပြီးတော့ ကျွန်တော်တို့ ပြည်သူလူထု ရုပ်ပိုင်းဆိုင်ရာ လုံခြုံစိတ်ချရတဲ့ အခြေအနေ တစ်ရပ်တင် မကဘဲ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရတဲ့ အခြေအနေ တစ်ရပ်ထိ ရသွားအောင် အဆုံးစွန်ထိ ဖွံ့ဖြိုးတိုးတက်အောင် ကျွန်တော်တို့ ဆောင်ရွက် သွားမယ်"
ရခိုင်အမျိုးသား ကွန်ရက်အဖွဲ့ဟာ ဘူးသီးတောင်၊ မောင်းတော၊ ရသေ့တောင်မြို့နယ်တွေမှာ စက်တင်ဘာလ ၁၀ ရက်နေ့ အထိနေပြီး ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးကာ ဒေသခံတွေ လိုအပ်မယ့် ကိစ္စတွေကို ကူညီ ပံ့ပိုးနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဦးတင်ထူးအောင်က ပြောပါတယ်။
ရခိုင်အမျိုးသား ကွန်ရက်ရဲ့ ဥက္ကဋ္ဌ ဦးတင်ထူးအောင်နဲ့ RFA အဖွဲ့သူ မခက်မာ ဆက်သွယ် မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |