CPRCG အဖွဲ့နှင့် လယ်ယာမြေသိမ်းခံရသည့် လယ်သမားများ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
2012.09.04

CPRCG အဖွဲ့ဝင် ကိုရဲထင်ကျော်က အလုပ်ရုံ ဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်လို့အခုလို ရှင်းပြပါတယ်။
"ဥပမာ အခု ဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ရွာချင်းအလိုက် ပြောပြတယ်။ ပြီးတော့ ဒီဖြစ်ပျက်နေတဲ့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းကြရင် ကောင်းမလဲဆိုတာ ချပြတယ်ပေါ့။ သူတို့ကလည်း ဒီအပေါ်မှာ လက်ခံတယ်ဗျ။ ဒီလယ်ယာမြေ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဆီကို စာတွေတင်မယ်။ နိုင်ငံတော် သမ္မတဆီကို စာတွေ တင်မယ်ပေါ့နော်။ နောက် ဒီပြဿနာတွေကို ဒီ စုံစမ်း စစ်ဆေးရေး ကော်မရှင် အနေနဲ့ အမြန်ဆုံး လာစစ်ပေးနိုင်အောင် အကုန်ဝိုင်းပြီး ကြိုးစားကြမယ်ပေါ့။ နောက် အချက်အလက်တွေ ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် လုပ်မယ်။ ဒါတွေ ဆွေးနွေးကြတာပါခင်ဗျ"
ရေတာရှည်မြို့နယ်အတွင်း Delicious Food ကုမ္ပဏီနဲ့ မြန်မာ့ကြံလုပ်ငန်းက လျော်ကြေး တစုံတရာ မပေးဘဲ သိမ်းယူထားတဲ့ လယ်ယာမြေ အနည်းဆုံး ဧက တစ်ထောင်ကျော် ရှိပါတယ်။
တောင်သူလယ်သမားကြီးတွေဟာ မိမိတို့ဓားမဦးချ ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်လာတဲ့ လယ်ယာမြေတွေ အသိမ်းခံရပြီးနောက် ပြန်လည်လုပ်ကိုင်လိုရင် သူတို့စိုက်ခိုင်းတဲ့ ကြံကို စိုက်ပေးရတယ်လို့ သိရပါတယ်။ ကြံသီးနှံဟာ တွက်ခြေမကိုက်လို့ တောင်သူလယ်သမား အများအပြား စီးပွားရေး အကြပ်အတည်းနဲ့ ရင်ဆိုင်ကြရတယ်လို့လည်း သိရပါတယ်၊