သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-08-09
မန္တလေးတိုင်း ရမည်းသင်း အကျဉ်းထောင် မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အပေါ် တရားစွဲဆို ထားတာကို ပယ်ဖျက်ပေးဖို့ ဧရာဝတီတိုင်းဒေသကြီး ဖျာပုံ ခရိုင် ဒေးဒရဲမြို့မှာ ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
2014-08-09
မနေ့က ကျရောက်တဲ့ ၈လေးလုံး ၂၆ နှစ်ပြည့်အခမ်းအနား ဆုတောင်းပွဲတွေကို အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံတွေမှာလည်း ကျင်းပခဲ့သလို ကျောင်းသားအဖွဲ့အစည်းတွေက ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ဦးတင်အောင်ခိုင်က ဆက်လက်တင်ပြထားပါတယ်။
2014-08-09
စက်မှုဇုန်တွေက အလုပ်သမားတွေအတွက် အနည်းဆုံးလုပ်ခလစာ သတ်မှတ်နိုင်ဖို့ အလုပ်သမား ဝန်ကြီးဌာနနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေပါတဲ့ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီဟာ ဒီလကုန်မှာ တိုင်းဒေသ ကြီးနဲ့ ပြည်နယ်တွေက စက်ရုံ၊ အလုပ်ရုံတွေမှာ ကွင်း ဆင်းလေ့လာသွားမယ်လို့ သိရပါတယ်။
2014-08-08
ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိ က လှူဒါန်းမတည်ထားတဲ့ မေတ္တာ အိုးဝေဖောင်ဒေရှင်းက နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ သားသမီးတွေအတွက် ပညာရေးထောက်ပံ့ပွဲကို ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ သြဂုတ်လ မနေ့က ကျင်းပခဲ့ပါတယ်။
2014-08-08
ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၆ နှစ်မြောက် အခမ်းအနားကို ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံ ဓမ္မပီယ သာသနာ့ရိပ်သာမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2014-08-08
၂၆ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည် အခမ်းအနားတွေကို ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေမှာ ဒီနေ့ ကျင်းပခဲ့သလို ရှမ်းပြည်နယ်တောင်ကြီးမြို့နဲ့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွေမှာလည်း ကျင်းပခဲ့ပါ တယ်။
2014-08-08
၂ဝ၁၄ ခုနှစ် သြဂုတ်လ (၈) ရက်၊ အာဆီယံထူထောင်တဲ့ ၄၇ နှစ်မြောက်နေ့ အခမ်းအနားကိုနေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာမှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားကို သမ္မတ ဦးသိန်းစိန် တက်ရောက် မိန့်ခွန်းပြောခဲ့ပါတယ်။
2014-08-08
အပတ်စဉ် သောကြာနေ့ တိုင်း တင်ဆက်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ်ကို ထုတ်လွှင့်ပေးမှာပါ။ ကျမတို့ ဝိုင်းတော်သား ကိုကျော်မင်းထွန်းက စီစဉ်တင်ဆက်ထားပါတယ်။
2014-08-08
ဒီနေ့ ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ၂၆ နှစ်ပြည့်မှာ ရန်ကုန်မြို့အခြေစိုက် တက်ကြွလှုပ်ရှားသူတွေက တာမွေမြို့နယ် ကနေ ဆူးလေဘုရားထိ ချီတက်လမ်းလျှောက်ခဲ့ကြပါတယ်။
2014-08-08
၄၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများအစည်းအဝေးနဲ့ အာဆီယံဒေသ တွင်းဖိုရမ်ကို နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနမှာ ဒီနေ့ စတင်ကျင်းပရာ အာဆီယံအလှည့် ကျဥက္ကဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်
2014-08-08
လာမယ့် သြဂုတ်လ ၁၀ ရက်နေ့ မှာ မြန်မာနိုင်ငံအနှံ့ ရေကြီးရေ လျှံနိုင်ကြောင်းနဲ့ သဘာဝဘေးအန္တရာယ် အနည်းငယ်ကျရောက်နိုင်ကြောင်း ရန်ကုန်မြို့ မြို့နယ် အတော်များများမှာ လူတချို့က သတိပေးလက်ကမ်း စာစောင်တွေ ဝေငှနေတာဟာ ကောလာဟာလသာဖြစ်ပြီး သိပ္ပံအထောက်အထား ဘာမှမရှိကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားလိုက်ပါတယ်။
2014-08-08
ပြည်နယ် တိုင်းဒေသကြီးတွေမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအတွက် အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ဖို့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အလုပ်သမားvကိုယ်စားလှယ်တွေဟာ ဒီလကုန်မှာ ကွင်းဆင်းလေ့လာသွားမှာဖြစ်ကြောင်း နေပြည်တော် အလုပ်သမားဝန်ကြီးဌာနမှာ ဒီနေ့ကျင်းပတဲ့ ‘အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး’ မှာ ဆုံးဖြတ်လိုက်ပါတယ်။
2014-08-08
ပြည်သူတွေတောင်းဆိုနေတဲ့ ဒီမိုကရေစီ အရေး၊ လူ့အခွင့်အရေးတွေ ရရှိဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ညီညွတ်ဖို့ လိုအပ်ကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က ဒီနေ့ ကျရောက်တဲ့ ရှစ်လေးလုံး လူထုအရေးတော်ပုံ ၂၆ နှစ်မြောက်နေ့ အခမ်းအနားမှာ ပြောပါတယ်။
2014-08-08
အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျေ နပ်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ပြောကြားလိုက်ပါတယ်။
2014-08-08
သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး ၂၆ နှစ်ပြည့် ခဲ့ပါပြီ။ ၁၉၈၈ အရေးတော်ပုံမှာ ဗိုလ်ကြီးစိုင်းဝင်းကျော် ဟာ ပြည်သူတွေနဲ့ ပူးပေါင်းခဲ့လို့ အပြစ်ပေးခံခဲ့ရပါ တယ်။