အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေး မေးမြန်းချက်
2014.08.08
ပြည်နယ် တိုင်းဒေသကြီးတွေမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအတွက် အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ဖို့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အလုပ်သမားvကိုယ်စားလှယ်တွေဟာ ဒီလကုန်မှာ ကွင်းဆင်းလေ့လာသွားမှာဖြစ်ကြောင်း နေပြည်တော် အလုပ်သမားဝန်ကြီးဌာနမှာ ဒီနေ့ကျင်းပတဲ့ ‘အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီ အစည်းအဝေး’ မှာ ဆုံးဖြတ်လိုက်ပါတယ်။
အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေး အမျိုးသားအဆင့်ကော်မတီမှာပါတဲ့ အလုပ်သမား ကိုယ်စားလှယ် ဦးနော်အောင်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားပါတယ်။