နိုင်ငံအနှံ့ ရေကြီးမယ် ဆိုတာ ကောလာဟလ


2014.08.08
pegu-flood-305.jpg ရေကြီးနေသော ပဲခူးမြို့ကို မြင်ရစဉ်
Photo: Zay Latt Facebook

လာမယ့် သြဂုတ်လ ၁၀ ရက်နေ့မှာ မြန်မာနိုင်ငံ အနှံ့ ရေကြီးရေလျှံနိုင်ကြောင်းနဲ့ သဘာဝဘေးအန္တရာယ် အနည်းငယ်ကျရောက်နိုင်ကြောင်း ရန်ကုန်မြို့ မြို့နယ်အတော်များများမှာ လူတချို့က  သတိပေး လက်ကမ်းစာစောင်တွေ ဝေငှနေတာဟာ ကောလာ ဟလသာဖြစ်ပြီး သိပ္ပံအထောက်အထား ဘာမှ မရှိကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က ပြောကြားလိုက်ပါတယ်။

အဲဒီနေ့ဟာ လပြည့်နေ့ဖြစ်တဲ့အတွက် ဒီရေ မြင့် တက်နိုင်လာနိုင်တာတော့ မှန်တယ်လို့လည်း  ဒေါက်တာထွန်းလွင်က ပြောပါတယ်။

ရန်ကုန်မြိ့ မြို့နယ်အတော်များများမှာ ဝေငှနေ တဲ့ ကြေညာချက်တွေမှာ ရုတ်တရက်ရေ ကြီးမှုတွေဖြစ်လာရင် သဲအိတ်တွေထားရှိ ဖို့၊ အရေးပေါ်ဝင်ထွက်သွားလာနိုင်တဲ့လမ်းတွေမှာ အလွယ်တကူ သွားလာနိုင်အောင် ကြိုတင်ဆောင်ရွက်ထားဖို့နဲ့ တခြားအသက်ကယ်အစီအစဉ်တွေ စီစဉ်ထားဖို့ ပါရှိပါတယ်။

သြဂုတ်လ ၁၀ရက်နေ့မှာ ဖြစ်ပေါ်မယ့် Supermoon ဖြစ်စဉ်မျိုးဟာ မကြာခဏဖြစ်တတ်ကြောင်းလည်း ဦးထွန်းလွင်က ပြောပါတယ်။

မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်ကို RFA သတင်းထောက် မရတနာဦး မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။