သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-12-14
သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို ထိရောက်တဲ့ပြစ်ဒဏ်တွေ ချမှတ်နိုင်ဖို့ အတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး ဥပဒေတို့ကို ရေးဆွဲနေကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ပြောပါတယ်။
2016-12-14
မြန်မာတိုင်းရင်းသားမျိုးနွယ်စုတွေထဲမှာ ရိုဟင်ဂျာ လူမျိုးမပါဘူး ဆိုတဲ့အကြောင်းကို သမိုင်းဖြစ်ရပ်မှန် စာအုပ်အဖြစ် ထုတ်ဝေဖြန့်ချိဖို့ ပြင်ဆင်နေတယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ထုတ်ပြန် ပါတယ်။
2016-12-14
ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေ ဒီဇင်ဘာ လဆန်းပိုင်းကစပြီး တဖြည်းဖြည်းမြင့်တက် လာရာ ဒီကနေ့ အောက်တိန်းဆီ တစ်လီ တာကို ကျပ် ၇၀၀ ကျော်အထိ ဈေးမြင့် တက်နေပါတယ်။
2016-12-14
ပြည်ထောင်စုဝန်ကြီးဟောင်း နှစ်ဦး တည်ထောင်ခဲ့တဲ့ မြန်မာအပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ MICA ကို ဖျက်သိမ်းဖို့ အဆိုကို လက်ခံဆွေးနွေးဖို့ အမျိုးသား လွှတ်တော်မှာ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2016-12-14
ရခိုင်ပြည်နယ် မောင်တောဒေသကို နိုင်ငံတကာကူညီထောက်ပံ့ရေး အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ သွားခွင့်ပြုဖို့ မြန်မာအစိုးရက စီစဉ်ဆောင်ရွက်နေတယ်လို့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ပြောလိုက်ပါတယ်။
2016-12-14
ရခိုင်ပြည်နယ် မောင်တောဒေသကို နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ လွတ်လွတ် လပ်လပ် သွားခွင့်ပြုမှာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း က ပြောလိုက်ပါတယ်။
2016-12-14
မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် စောင့်ကြည်ရေးကော်မတီက တင်သွင်းတဲ့ ကျိုက်မရောမြို့နယ် က မော်လမြိုင် ဘိလပ်မြေစက်ရုံနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ပြည်နယ် လွှတ်တော်မှာ ဒီဇင်ဘာလ (၁၃) ရက်နေ့ ဒီနေ့ အတည်ပြုလိုက်ပြီး နိုင်ငံတော် သမ္မတကို ပေးပို့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2016-12-14
ရခိုင်ပြည်နယ်အတွက် လာမယ့်ဘဏ္ဍာရေးနှစ်မှာ သုံးစွဲဖို့ အတည်ပြုထားတဲ့ ကျပ်ငွေ ၁၄၂ ဘီလီလျံဟာ ဖွံ့ဖြိုး တိုးတက်ရေးဆောင်ရွက်ဖို့ နည်းပါးတာကြောင့် အစိုးရအနေနဲ့ ဘဏ္ဍာငွေတွေကို တိုးမြှင့်ပေးသင့်တယ်လို့ ရခိုင်ပြည် နယ်ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းက ပြောလိုက်ပါတယ်။
2016-12-14
မြန်မာနိုင်ငံတစ်ဝှမ်းက အကြီးစားရေအားလျှပ်စစ်စီမံကိန်းတွေနဲ့ ကျောက်မီးသွေးစီမံကိန်းတွေကို ရပ်ဆိုင်းပေး ဖို့ ရေကာတာနဲ့ ကျောက်မီးသွေးဆန့်ကျင်လှုပ်ရှား တဲ့ အရပ်ဖက်အဖွဲ့တွေ စုပေါင်းပြီး တောင်းဆိုလိုက်ပါတယ်။
2016-12-14
၂ဝ၁၆- ၂ဝ၁၇ ခုနှစ်အတွက် ပြည်ထောင်စုအစိုးရရဲ့ ထပ်တိုးတောင်းခံငွေ ကျပ် ဘီလီယံ ၁၃ဝဝ ကျော်ထဲက ကျပ်ဘီလီယံ ၆ဝ ကျော်ကို ပြည်ထောင်စုလွှတ်တော် က ဖြတ်တောက်လိုက်ပါတယ်။
2016-12-14
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ပန်ကွမ်ရွာက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင်တွေနဲ့ ရွာသား ၂၄ ယောက်ကို အမြန် ဆုံးပြန်လွှတ်ပေးဖို့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA ကို SNLD ပါတီက ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
2016-12-14
NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်ဖို့ လမ်းကြောင်းပိတ်ထားတဲ့ သဘောမျိုးမဟုတ်ဘဲ တနည်းနည်းနဲ့ ပါဝင်ပတ်သက်ခွင့်ပြုသင့်ပြီး လက်ရှိ မြေပြင်မှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အစိုးရ၊ တပ်မတော် ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့လိုအပ်တယ်လို့ UNFC အဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
2016-12-14
USCIRF ခေါ် အမေရိကန်ပြည်ထောင်စု နိုင်ငံ တကာ ဘာသာရေးလွတ်လပ်မှုဆိုင်ရာ ကော်မ ရှင်က မြန်မာပြည်မှာ ဘာသာရေးလွတ်လပ်ခွင့်တွေ ဆုံးရှုံးနေပြီး လူနည်းစုတွေ ဖိနှိပ်ခံနေ ရကြောင်း ဖေါ်ပြထားတဲ့ အစီရင်ခံစာ ၂ စောင်ကို ဝါရှင်တန် ဒီစီမြို့တော်မှာ မနေ့က ညနေက ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအခမ်းအနားကို သွားရောက်သတင်းယူခဲ့တဲ့ ဦးခင်မောင်စိုး က ခုလိုတင်ပြထားပါတယ်။
2016-12-13
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည် နယ်က ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို အမည်ပေးထားသူတွေဟာ ဌာနေတိုင်းရင်းသား မဟုတ်ကြောင်း သက်သေပြမယ့် သမိုင်းကြောင်းအမှန် စာအုပ်တစ်အုပ်ရေးသားပြုစုဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက စီစဉ်နေတယ်လို့ AFP သတင်းကဖေါ်ပြ ပါတယ်။
2016-12-13
မြန်မာနိုင်ငံ ပညာရေးမှာ စာမေးပွဲကိုအခြေခံတဲ့ စနစ်၊ တက္ကသိုလ်ဝင်တန်းရမှတ်ပေါ်မူတည်ပြီး ဘာသာရပ်ရွေးချယ်ရတဲ့စနစ်တွေကြောင့် ဖြစ်လာတဲ့ အကျိုးသက်ရောက်မှုတွေနဲ့ ပြုပြင်ပြောင်းလဲသင့်တာတွေကို RFA အဖွဲ့သူ မခက်မာ တင်ပြထားတာ နားဆင်နိုင် ပါတယ်။