မြန်မာသံအမတ်ကြီး ဦးအောင်လင်းနဲ့ မေးမြန်းချက်


2016.12.14

ရခိုင်ပြည်နယ် မောင်တောဒေသကို နိုင်ငံတကာကူညီထောက်ပံ့ရေး အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ သွားခွင့်ပြုဖို့ မြန်မာအစိုးရက စီစဉ်ဆောင်ရွက်နေတယ်လို့ အမေရိကန်ပြည်ထောင်စုဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ပြောလိုက်ပါတယ်။

ဝါရှင်တန်မြို့တော်မှာရှိတဲ့ ဂျော့ဝါရှင်တန် တက္ကသိုလ် အယ်လီယော့ နိုင်ငံတကာရေးရာကျောင်းမှာ “မြန်မာနိုင်ငံသစ်” ဆိုတဲ့ခေါင်းစဉ်နဲ့ မနေ့နေ့လည်ပိုင်းက ကျင်းပတဲ့ မြန်မာ့ရေးရာ ရှင်းလင်းဟောပြောပွဲ အပြီးမှာ သံအမတ်ကြီး ဦးအောင်လင်းက RFA ကို အခုလိုပြောခဲ့တာပါ။ RFA အဖွဲ့သား ဦးခင်မောင်စိုး က မေးမြန်းထားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။