“မြန်မာနိုင်ငံသစ်”ရှင်းလင်းဟောပြောပွဲ
2016.12.14
ရခိုင်ပြည်နယ် မောင်တောဒေသကို နိုင်ငံတကာ ကူညီထောက်ပံ့ရေး အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေ လွတ်လွတ်လပ်လပ် သွားခွင့်ပြုမှာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်းက ပြောလိုက်ပါတယ်။ ဝါရှင်တန်မြို့တော် မှာရှိတဲ့ ဂျော့ဝါရှင်တန် တက္ကသိုလ် အယ်လီယော့ နိုင်ငံတကာရေး ရာကျောင်းမှာ "မြန်မာနိုင်ငံသစ်" ဆိုတဲ့ခေါင်းစဉ်နဲ့ မနေ့ နေ့လည်ပိုင်းက ကျင်းပတဲ့ မြန်မာ့ရေးရာ ရှင်းလင်းဟောပြောပွဲမှာ အခုလို ပြောခဲ့တာပါ။ ကိုယ်တိုင်သွားရောက် သတင်းရယူခဲ့တဲ့ RFA ဝိုင်းတော်သား ဦးခင်မောင်စိုးက ဆက်ပြီး တင်ပြပေးမှာပါ။