ရိုဟင်ဂျာမရှိကြောင်း သက်သေထူမယ့် သမိုင်းစာအုပ် သာသနာရေးဝန်ကြီးဌာန ပြုစုမည်
2016.12.13
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်က ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို အမည်ပေးထားသူတွေဟာ ဌာနေတိုင်းရင်းသားမဟုတ်ကြောင်း သက်သေပြမယ့် သမိုင်းကြောင်းအမှန်စာအုပ်တစ်အုပ်ရေးသားပြုစုဖို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်နေတယ်လို့ AFP သတင်းကဖေါ်ပြပါတယ်။
မြန်မာ့သမိုင်းမှာ ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရ အမည်နာမကို လုံးဝမသုံးစွဲခဲ့သလို၊ တိုင်းရင်းသားတွေထဲမှာလည်း ရိုဟင်ဂျာရယ်လို့ လုံးဝမရှိခဲ့ကြောင်း၊ အဲဒီအမည်ကို ၁၉၄၈ ခုနှစ်မှာ ဘင်္ဂါလီ လွှတ်တော်အမတ်တစ်ဦးက စတင်သုံးစွဲခဲ့တာဖြစ်ကြောင်း၊ မြန်မာ့သမိုင်းမှန်နဲ့ ပတ်သက်ပြီး စာအုပ်တစ်အုပ် ထုတ်ဝေမှာဖြစ်ကြောင်း သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာမှာ တနင်္လာနေ့ ညနေပိုင်း က ကြေညာခဲ့ပါတယ်။
ရိုဟင်ဂျာနဲ့ အစ္စလာမ်သမိုင်းဆရာတွေကတော့ သူတို့ကို ဗြိတိသျှက မြန်မာနိုင်ငံမှာ စပါးစိုက်ဖို့ ခေါ်ဆောင်လာ တဲ့ ကျေးကျွန်တွေမဟုတ်ကြောင်း၊ ရခိုင်ပြည်နယ်မှာ နှစ်ပေါင်းရာနဲ့ချီ နေထိုင်လာခဲ့သူတွေဖြစ်ကြောင်း ပြောဆိုကြ ပါတယ်။