TNLA ဖမ်းသွားတဲ့ ရွာသားတွေကို ပြန်လွှတ်ပေးဖို့ SNLD ကြေညာချက်ထုတ်
2016.12.14
ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ ပန်ကွမ်ရွာက ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဝင်တွေနဲ့ ရွာသား ၂၄ ယောက်ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တအာင်းလက်နက်ကိုင်တပ်ဖွဲ့ TNLA ကို SNLD ပါတီက ကြေညာချက်ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
SNLD ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ် ကို RFA သတင်းထောက် ကိုကျော်သူ က ဆက်သွယ်မေးမြန်းထားပါတယ်။