စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်


2016.12.14
fuel-620.jpg စက်သုံးဆီ ဖြည့်နေသည်ကို တွေ့ရစဉ်
Photo: Wikipedia

ပြည်တွင်းစက်သုံးဆီဈေးနှုန်းတွေ ဒီဇင်ဘာလဆန်းပိုင်းကစပြီး တဖြည်းဖြည်းမြင့်တက်လာရာ ဒီကနေ့ အောက်တိန်း ဆီ တစ်လီတာကို ကျပ် ၇၀၀ ကျော်အထိ ဈေးမြင့်တက်နေပါတယ်။

ကမ္ဘာ့ရေနံဈေးနဲ့ ပြည်တွင်းက ဒေါ်လာငွေလဲလှယ်နှုန်း မြင့်တက်နေတာကြောင့် အခုလိုတက်နေရတာဖြစ်တယ် လို့ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းက ဦးစိုင်းဝမ်းလှိုင် က ပြောပါ တယ်။

''စက်သုံးဆီဆိုတာ နိုင်ငံခြားကသွင်းရတဲ့အတွက် နိုင်ငံခြားငွေလဲနှုန်း အရမ်းတက်သွားပါတယ်ခင်ဗျ၊ ကမ္ဘာ့ရေနံဈေးနှုန်းလည်း အရမ်းတက်သွားလို့ပါခင်ဗျ၊ ပြီးခဲဲ့တဲ့ ၁၁ လ ပိုင်းတုန်းက ၁၃၃၀ ပတ်ခြာလည်ဖြစ် မယ်ထင်တယ် တစ်ဒေါ်လာငွေလဲနှုန်း ဒီလမှာကျတော့ ၁၃၈၅ / ၉၀ လောက်တက်လာသလို ကမ္ဘာ့ရေနံဈေး ကလည်း ပြီးခဲ့တဲ့လက ရေနံတစ်စည်ကို ဒေါ်လာနဲ့ဆိုရင် ၄၃/၃၃ လောက်ပဲရှိတယ်၊ အခုက ၅၆ ထိ တက်လာ တယ်ဆိုတော့ ၁၀ ရာခိုင်နှုန်းလောက် တက်လာပါတယ်''

ပြီးခဲ့တဲ့လက အောက်တိန်းဆီ တစ်လီတာကို ကျပ် ၅၄၀ ဝန်းကျင်သာရှိခဲ့ပြီး ဒီဇယ် တစ်လီတာကိုလည်း တစ်လီတာ ကျပ် ၅၄၀ လောက်ကနေ မနေ့က ပေါက်ဈေးအရ ကျပ် ၆၈၀ အထိ ရောင်းချနေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့လပိုင်းက ကမ္ဘာ့ရေနံဈေး တစ်စည်ကို ၄၄ ဒေါ်လာလောက်သာရှိခဲ့ရာကနေ အခုဆိုရင် ၅၆ ဒေါ်လာအထိ ရှိနေတယ်လို့ ပြောပါတယ်။

ပြည်တွင်းဒေါ်လာလဲလှယ်နှုန်းကလည်း ပြီးခဲ့တဲ့လက တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၁၃၃၀ ဝန်းကျင်ကနေ အခုဆိုရင် မြန်မာငွေ ၁၃၈၅ အထိ မြင့်တက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။