သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-09-08
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် မိုးထိ မိုးမိဒေသ ရွှေတူးဖော်ရေး လုပ်ငန်းခွင်က လုပ်သားခေါင်းဆောင် ၂၂ ဦးကို အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီကနေ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။
2012-09-08
အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Yun နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Mr. Derek Mitchell တို့ ဦးဆောင်တဲ့ အဖွဲ့ဟာ မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ကို ဒီကနေ့မနက်ပိုင်းက သွားရောက်ခဲ့ပါတယ်။
2012-09-08
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီ အဖွဲ့ဝင်တွေနဲ့ ရန်ကုန်တိုင်းအတွင်းက ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ တရားရေးဝန်ထမ်းတွေ ပထမဆုံးအကြိမ် တွေ့ဆုံပွဲကို ရန်ကုန်မြို့၊ ပြည်လမ်းက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။
2012-09-07
ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတော် သမ္မတကနေ ဖွဲ့စည်းတာဝန် ပေးထားတဲ့ စုံစမ်းရေး ကော်မရှင်အဖွဲ့ဟာ မနေ့ နေ့လည်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ကို ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့ပါတယ်။
2012-09-07
ကချင်ပြည်နယ်၊ ဖားကန့် ကျောက်စိမ်းတွင်းဒေသမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အစိုးရတပ်တွေနဲ့ KIA တပ်တွေအကြား စစ်ရေးပဋိပက္ခ အခြေအနေတွေကို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေက ကူညီ ဖြေရှင်းပေးဖို့ ဒေသခံ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေ၊ လူမှုရေးအသင်း အဖွဲ့တွေက မနေ့က အရေးပေါ် အစည်းအဝေးကျင်းပပြီး တောင်းဆို လိုက်ကြပါတယ်။
2012-09-07
ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းကို ဒီကနေ့ အတည်ပြုလိုက်ပါတယ်။ လွှတ်တော်အတွင်း သဘောထား ကွဲလွဲတဲ့ အချက်တွေကို ပြန်လည်ပြင်ဆင်ပြီး အတည်ပြုလိုက်တာ ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောပါတယ်။
2012-09-07
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ၁၃ ရက်မြောက်နေ့မှာ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး တစ်ဦး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် တစ်ဦး၊ ဝန်ကြီးဌာနများ ပြည်ထောင်စု ဝန်ကြီး ၁၀ ဦး နဲ့ ပြည်ထောင်စုအဆင့် တာဝန် ပေးထားတဲ့ ပြည်ထောင်စုရုံး အဖွဲ့ဝင် တစ်ဦး စုစုပေါင်း ၁၃ ဦးကို တာဝန် ပေးအပ်ကြောင်း ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ကြေညာခဲ့ပါတယ်။
2012-09-07
ရန်ကုန်တိုင်း၊ လှိုင်သာယာ စက်မှုဇုန်အမှတ် (၄) မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် မူးအန်ဆူး (MYUE & SUE) အထည်ချုပ် စက်ရုံက အလုပ်သမား တစ်ထောင်ကျော်ဟာ အခြေခံလုပ်ခလစာ တိုးမြှင့်ပေးဖို့ အတွက် စက်ရုံရှေ့ကနေ လေးမိုင်လောက် အကွာအဝေးရှိတဲ့ မရမ်းကုန်းမြို့နယ်က ရန်ကုန်တိုင်း ဒေသကြီး အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနရုံးကို ဒီကနေ့ မနက်ပိုင်းက လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
2012-09-07
ရွှေပြည်သာ စက်မှုဇုန်မှာရှိတဲ့ ခိုင်ခိုင်စန္ဒာ ကားတပ်ဆင် ထုတ်လုပ်ရေး စက်ရုံက အလုပ်သမား (၆၀) ကျော်ဟာ အခြေခံ လုပ်ခလစာတွေ ဖြတ်တောက်ခံနေရတဲ့ကိစ္စ ဖြေရှင်းပေးဖို့ ရွှေပြည်သာမြို့နယ် အလုပ်သမား ဦးစီးဌာနရုံးကို ဒီကနေ့ သွားရောက်ပြီး အရေးဆို တိုင်ကြားခဲ့ကြပါတယ်။
2012-09-07
ရန်ကုန်တိုင်း မင်္ဂလာဒုံ စက်မှုဇုန် တိုးချဲ့နယ်မြေအတွင်း ဝင်ရောက်တယ်ဆိုပြီး ဇေကမ္ဘာကုမ္ပဏီရဲ့ တားမြစ်ကန့်ကွက်မှု ခံထားကြရတဲ့ မင်္ဂလာဒုံမြို့နယ်၊ ဆင်ဖုံကျေးရွာနဲ့ သင်္ဃန်းကျွန်းကြီးကျေးရွာက လယ်သမား (၇၅) ဦးဟာ ထောက်ကြံံ့မြို့မှာရှိတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေး ပါတီ ရုံးချုပ်ရှေ့မှာ ဒီကနေ့ နေ့လည်က ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
2012-09-07
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လက်ပံတောင်းတောင် ပျောက်ကွယ်သွားမယ့် အရေး တောင်တန်းကြီးတွေကို မျှော်ကြည့်တဲ့ လှုပ်ရှားမှု တစ်ခု မုံရွာမြို့အနီးက ချင်းတွင်းမြစ်ကမ်းနံဘေးမှာ ဒီကနေ့ ညနေက ပြုလုပ်ခဲ့ပါတယ်။
2012-09-06
စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တစ်ဝိုက် ကျေးရွာတွေက လယ်သိမ်းခံ တောင်သူလယ်သမားတွေ အရေးကို ဆောင်ရွက်ပေးနေတဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင်လေးဦးကို ရာနဲ့ချီတဲ့ လုံထိန်းရဲတွေက လက်နက်ကိရိယာ အပြည့်အစုံနဲ့ မနေ့ ည ၁၁ နာရီလောက်က ဆည်တဲရွာမှာ ဝင်ရောက်ရှာဖွေခဲ့ ကြပါတယ်။
2012-09-06
မကြာသေးခင်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး စစ်တွေ အကျဉ်းထောင်အတွင်းမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရသူတွေကို ထောင်အာဏာပိုင်တွေက အဓမ္မလုပ်အားပေး ခိုင်းစေနေတယ်လို့ သိရပါတယ်။
2012-09-06
အစိုးရစစ်တပ်နဲ့ KIA ကချင်တပ်တွေအကြား စစ်ရေးတင်းမာမှုကြောင့် ကချင်ပြည်နယ် အတွင်းက ဒုက္ခသည် စခန်းတွေမှာ ထွက်ပြေး တိမ်းရှောင်နေကြတဲ့ အမျိုးသမီးငယ်တွေ အပါအဝင် ဒေသခံ ကချင်အမျိုးသမီးငယ်တွေဟာ လူမှောင်ခို ပွဲစားတွေရဲ့ ပစ်မှတ်ထားပြီး တရုတ်ပြည်ဘက်ကို ရောင်းစား ခံနေရတယ်လို့ လူကုန်ကူးခံရတဲ့ အမျိုးသမီးတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။
2012-09-06
နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် (၉) ဦးတို့ဟာ သူတို့ဆန္ဒအလျောက် တာဝန်မှ နှုတ်ထွက်သွားကြကြောင်း သမ္မတရုံးက ကြေညာလိုက်ပါတယ်။