နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်း ပြည်ထောင်စု လွှတ်တော် အတည်ပြု
2012.09.07

"ကျွန်မတို့ ဒီနေ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI law ကိုတော့ ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးလိုက်ပါတယ်။ အဓိက ကတော့ အဲဒီမှာ အပြင်မှာလည်းပေါ့နော်၊ ဆွေးနွေးနေကြတဲ့ သဘောတူညီမှု မရှိတဲ့ အချက် နှစ်ချက်ကို ပြင်လိုက်တယ်။ နံပါတ်တစ်ကတော့ ပုံသေ မသတ်မှတ်ဘူး။ လုပ်ငန်းသဘာဝပေါ် မူတည်ပြီးတော့ပဲ ရင်းနှီးမြုပ်နှံရမဲ့ ငွေပမာဏကို သတ်မှတ်မယ်။ နောက်တစ်ခုကတော့ ဖက်စပ် လုပ်မယ်ဆိုတဲ့ နေရာမှာလည်း စုစုပေါင်း နိုင်ငံခြား မတည်ငွေရင်း၏ ၅၀-၅၀ အချိုးအတိုင်း ဆောင်ရွက်ရန် ဖြစ်သည်လို့ တင်ထားပါတယ်"
အရင် ဥပဒေ မူကြမ်းမှာပါရှိတဲ့ ကနဦး ရင်နှီးမြှုပ်နှံမှု ပမာဏ အနည်းဆုံး အမေရိကန် ဒေါ်လာ ၅ သန်း ပါဝင်ရမည် ဆိုတဲ့အချက်ကို အခု ပယ်ဖျက်လိုက်ပါတယ်။
နိုင်ငံခြား မတည်ငွေရင်းသည် စုစုပေါင်း မတည်ငွေရင်း၏ အများဆုံး ၄၉ ရာခိုင်နှုန်းအစား နိုင်ငံခြားသားသည် နိုင်ငံသားနှင့် တားမြစ်သည့်လုပ်ငန်း၊ ကန့်သတ်သည့် လုပ်ငန်းများကို ဖက်စပ်လုပ်ကိုင်ပါက မတည်ငွေရင်း၏ ၅၀-၅၀ အချိုး ထည့်ဝင် ဆောင်ရွက်ရန် ဖြစ်သည်ဆိုပြီး ပြင်ဆင်လိုက်တဲ့အပြင် ကော်မရှင် ဖွဲ့စည်းရာတွင် အစိုးရ မဟုတ်သော အဖွဲ့အစည်းများမှ ပညာရှင်များ၊ စီးပွားရေး နယ်ပယ်အသီးသီးရှိ စီးပွားရေး ကျွမ်းကျင်သူများထဲမှ သင့်လျော်သော ပုဂ္ဂိုလ်များအား အဖွဲ့ဝင်အဖြစ် ထည့်သွင်း ဖွဲ့စည်းရမည် ဆိုသည့်အချက်များလည်း ပါဝင်ပါတယ်။
ပြည်ထောင်စုလွတ်တော်က အခုအတည်ပြုလိုက်တဲ့ ဥပဒေကို တရားဝင်ဖြစ်ရန် သမ္မတ ဦးသိန်းစိန်က လက်မှတ် ထိုးရမှာ ဖြစ်ပါတယ်။
လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းကို အာအက်ဖ်အေ ဝိုင်းတော်သူ ဒေါ်ခင်ခင်အိ ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |
ဒီ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ဥပဒေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။ နားဆင်ပါ။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |