နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြောကြား

2021.12.04
နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းနေတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ပြောကြား စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ ဒီဇင်ဘာ ၃ ရက်‌နေ့က ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး တက်ရောက် အမှာစကားပြောကြားစဉ်
Photo: CINCDS

စ်ကောင်စီလက်ထက် နိုင်ငံတကာရဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းလာတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာဏာသိမ်းပြီး ၁၀ လအကြာ ဒီဇင် ၃ ရက်မနေ့က ပထမဆုံးအကြိမ် ထုတ်ဖော်ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် အရေးပေါ် အခြေအနေကြေညာပြီး အာဏာသိမ်းချိန်ကစလို့ နိုင်ငံတွင်း မတည်ငြိမ်မှုတွေ ဖြစ်ရာကနေ နိုင်ငံတကာရဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေဟာ အရင်ထက် လျော့ကျ သွားတယ်လို့ စစ်ကောင်စီ အစည်းအဝေးမှာ ပြောခဲ့တာပါ။

စစ်ကောင်စီလက်ထက်မှာ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှု သုံးခု၊ စင်္ကာပူက နှစ်ခု နဲ့ နော်ဝေ၊ ပြင်သစ်၊ ထိုင်း၊ မလေးရှား၊ အိန္ဒိယ၊ ဩစတေးလျ၊ ဗြိတိန် စတဲ့နိုင်ငံတွေကက ကုမ္ပဏီ တစ်ခုစီဟာလည်း မြန်မာနိုင်ငံက ထွက်ခွာဖို့ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု ဆိုင်းငံ့တာတွေ ရှိနေတယ်လို့ ဒီဇင်ဘာ ၃ ရက်နေ့ Sandhi Governance Institute ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဘဏ်ကတော့ မြန်မာ့စီးပွားရေးဟာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ကုန်မှာ GDP - ၁၈ % အထိ ကျ ဆင်းမယ်လို့ ဆိုထားသလို နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ကလည်း ၀ ဒဿမ ၁ % အထိ ကျ ဆင်းမယ်လို့ ခန့်မှန်းထားပါတယ်။

ဒါပေမဲ့ စစ်ကောင်စီကတော့ ကြားကာလ ၆ လအတွင်း ၃ ဒဿမ ၈ % ရာခိုင်နှုန်းရှိမယ်လို့ ပြီးခဲ့တဲ့ အစည်းအဝေးတွေမှာ ပြောခဲ့ဖူးပါတယ်။

ကုန်ဈေးနှုန်းတွေဟာလည်း အကြောင်းအမျိုးမျိုးကြောင့် မြင့်တက်နေပြီး ဒါကို ထိန်းချုပ်ဖို့ လုပ်နေတယ် လို့လည်း စစ်ကောင်စီဥက္ကဋ္ဌက ဆိုပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပကို တင်ပို့တဲ့ ပို့ကုန်တွေဟာလည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ ၂၀၁၉ -၂၀၂၀ ထက် လျော့ကျသွားတယ်လို့ ဆိုပြန်ပါတယ်။

နောက်ပြီး ပြည်ပသွင်းကုန်ကို အစားထိုးနိုင်ဖို့၊ စက်သုံးဆီ ချွေတာဖို့ကိုလည်း စစ်ကောင်စီဥက္ကဋ္ဌက ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-12-05 22:17

The country is dark cause of the dog is occupied the chair.

Anonymous
2021-12-05 22:20

If Min Aung Hlaing's military coup dead the country is back as normal.

Anonymous
2021-12-05 22:22

They are shameless

Anonymous
2021-12-05 22:22

If Min Aung Hlaing's military coup dead the country is back as normal.