ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအဖွဲ့ဝင် (၉) ဦး တာဝန်မှနှုတ်ထွက်

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် (၉) ဦးတို့ဟာ သူတို့ဆန္ဒအလျောက် တာဝန်မှ နှုတ်ထွက်သွားကြကြောင်း သမ္မတရုံးက ကြေညာလိုက်ပါတယ်။

2012.09.06

အခြေခံ ဥပဒေခုံရုံးအပေါ် စွပ်စွဲပြစ်တင်တဲ့ ကိစ္စကို လာရောက် အစစ်ဆေးခံဖို့ လွှတ်တော် စုံစမ်း စစ်ဆေးရေးအဖွဲ့က အကြောင်းကြားခဲ့ပေမဲ့ သတ်မှတ်ထားတဲ့ ကာလအတွင်း တစ်ဦး တစ်ယောက်မှ မလာရောက်ခဲ့တဲ့အတွက် ခုံရုံး လုပ်ထုံး လုပ်နည်းအရ မျက်ကွယ်မှာ စီရင်ချက် ချမှတ်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

ဒီဆုံးဖြတ်ချက်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံ ပေးပို့ပြီး လစ်လပ်သွားတဲ့ ခုံရုံး ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် (၉) ဦးကို ပြန်လည်ရွေးချယ် ခန့်အပ်ရမှာ ဖြစ်ပါတယ်။

လွှတ်တော် အစည်းအဝေးတွေကို ဒီကနေ့ ကျင်းပပြီးရင် တစ်လခွဲလောက် ရပ်နားမှာပါ။ နောက်တစ်ကြိမ် လွှတ်တော် အစည်းအဝေးတွေကို အောက်တိုဘာ တတိယပတ်မှာ ပြန်လည်ခေါ်ယူမယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။