သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-05-03
မြန်မာနိုင်ငံ မြောက်ပိုင်း ကချင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်နေတာကြောင့် တရုတ်နိုင်ငံ ကုမ္ပဏီတွေ၊ နိုင်ငံသားတွေ အနေနဲ့ လုံခြုံရေး အထူးသတိထားကြဖို့ တရုတ်အစိုးရ ကုန်သွယ်ရေး ဝန်ကြီးဌာနက ဒီကနေ့ သတိပေးလိုက်ပါတယ်။
2012-05-03
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ လွှတ်တော်တွင်း အမြင်မတူတာတွေကို ညှိနှိုင်းပြီး ပူးပေါင်းဆောင်ရွက်မှာ ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-05-02
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲ ရောက်ရှိလာတဲ့အပေါ် မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ကြိုဆိုလိုက်ပါတယ်။
2012-05-02
ရခိုင်ပြည်နယ် သံတွဲအကျဉ်းထောင်မှာ လွန်ခဲ့တဲ့ ၆ နှစ်က ကွယ်လွန်သွားတဲ့ ရှမ်းပြည် မျိုးဆက်သစ်အဖွဲ့ ခေါင်းဆောင် ဦးမြင့်သန်း အတွက် ဂုဏ်ပြုပွဲနဲ့ အောက်မေ့ဘွယ် အခမ်းအနားကို တောင်ကြီးမြို့မှာ ဒီကနေ့ ကျင်းပပါတယ်။
2012-05-02
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့ ပြည်သူ့တွေရဲ့ ရည်မှန်းချက်ကို ရာနှုန်းပြည့် အောင်မြင်အောင် လွှတ်တော်တွင်းက ကြိုးစား ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-05-02
လူငယ်သတင်းသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာဂျာနယ်လစ် ကွန်ယက် (MJN) ရဲ့ ပထမဦးဆုံးအကြိမ် ညီလာခံကို ရန်ကုန်မြို့ ယုဇနဟိုတယ်မှာ ဒီကနေ့ ကျင်းပခဲ့ပြီး သတင်းသမားတွေရဲ့ ရပိုင်ခွင့်အတွက် အဓိကထား လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
2012-05-02
နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်တို့ဟာ မနေ့က အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့ကို ရောက်ရှိခဲ့ပြီး လာမယ့် မေလ ၂၇ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု အရှေ့ပိုင်း နယူးယောက်မြို့မှာ ကျင်းပမယ့် ပြည်သူ့ဂုဏ်ရည်ဆု အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။
2012-05-02
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခရီးစဉ်အတွက် ရှမ်းပြည်နယ်ကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့ ဟိုပုံးမြို့နယ်က မျိုးဆက်သစ် ပအို့ဝ်လူငယ် ကျောင်းသားတွေနဲ့ တွေ့ဆုံပြီး ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေး ဟောပြောခဲ့ကြောင်း သိရပါတယ်။
2012-05-02
စာနယ်ဇင်း လွတ်လပ်မှု အဆိုးဝါးဆုံး ထိပ်ပိုင်း ၁၀ နိုင်ငံစာရင်းထဲမှာ မြန်မာနိုင်ငံဟာ နံပါတ် ၇ နေရာမှာ ရှိနေကြောင်း အမေရိကန်နိုင်ငံ နယူးယောက်မြို့အခြေစိုက် CPJ စာနယ်ဇင်းသမားများ ကာကွယ်ရေး ကော်မတီက ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။
2012-05-01
လွှတ်တော်တက်ရောက်ဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်လိုက်တဲ့ အပေါ် အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။
2012-05-01
ဒီကနေ့ကျရောက်တဲ့ ၁၂၂ ကြိမ်မြောက် မေးဒေးနေ့ ခေါ် ကမ္ဘာ့အလုပ်သမားနေ့ အခမ်းအနားကို မြန်မာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားနှင့် စိုက်ပျိုးရေး အလုပ်သမားများ သမဂ္ဂက ဦးဆောင်ပြီး ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် ဂွမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
2012-05-01
မူးယစ်ရာဇာ အဖြစ် မိမိအပေါ် စွပ်စွဲချက်တွေကို သက်သေပြနိုင်မယ်ဆိုရင် ပေးတဲ့ ပစ်ဒဏ်ကို ရဲဝင့်စွာ ခံယူမှာဖြစ်တယ်လို့ ကလိုထူးဖေါ အဖွဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်မှူးချုပ်စောလားပွယ်ခေါ် ဗိုလ်နှုတ်ခမ်းမွှေး က ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2012-05-01
၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ အနေနဲ့ လောလောဆယ်မှာ ပါတီနိုင်ငံရေး လုပ်ဖို့ အစီအစဉ် မရှိသေးဘဲ လွှတ်တော်ပြင်ပ နိုင်ငံရေးမှာ ပြည်သူတွေနဲ့ တသားထဲနေပြီး ဆက်လက် လှုပ်ရှားသွားမှာ ဖြစ်ကြောင်း ဒီကနေ့ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
2012-05-01
၂၀၁၀ ခုနှစ် ရန်ကုန်သြင်္ကန် ဗုံးခွဲမှုနဲ့ တရားစွဲခံထားတဲ့ ကိုဖြိုးဝေအောင်ဟာ အသည်းဝေဒနာ ခံစားနေရလို့ အထူးကုဆရာဝန်နဲ့ ကုသတာမျိုး၊ အပြင်ဆေးရုံမှာ ကုတာမျိုး လိုအပ်နေကြောင်း သိရပါတယ်။
2012-05-01
ဒီကနေ့ ကျရောက်တဲ့ (၁၂၂) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့ အခမ်းအနားကို တ့ာခ်ခရိုင် မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း အလုပ်သမား (၂၀၀၀) လောက်ပါဝင် ပူးပေါင်းပြီး ကျင်းပခဲ့ပါတယ်။