နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီး အမေရိကန်ရောက်ရှိ

နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်တို့ဟာ မနေ့က အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိစ်မြို့ကို ရောက်ရှိခဲ့ပြီး လာမယ့် မေလ ၂၇ ရက်နေ့မှာ အမေရိကန် ပြည်ထောင်စု အရှေ့ပိုင်း နယူးယောက်မြို့မှာ ကျင်းပမယ့် ပြည်သူ့ဂုဏ်ရည်ဆု အခမ်းအနားကို တက်ရောက်မှာ ဖြစ်ပါတယ်။

2012.05.02
kyawthu-usa-b305 အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့သို့ ရောက်ရှိလာသော နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်တို့ကို ၂၀၁၂ ခုနှစ် မေလ ၁ ရက်နေ့က တွေ့ရစဉ်။
ပြည်သူ့ဂုဏ်ရည်ဆု ကော်မီတီမှ ရယူဖော်ပြပါသည်။

ဦးကျော်သူဟာ အမေရိကန် ပြည်ထောင်စု ပြည်နယ်တချို့မှာ နေထိုင်နေကြတဲ့ မြန်မာ အသိုင်းအဝိုင်းတွေနဲ့ တွေ့ဆုံပြီး နာရေးကူညီမှုအသင်း လုပ်ငန်း ဆောင်ရွက်ချက်တွေအပြင် တခြားကိစ္စတွေကို ဆွေးနွေးတိုင်ပင်မယ်လို့ သိရပါတယ်။

အမေရိကန်နိုင်ငံ အနောက်ဘက်ခြမ်း အခြေစိုက် ပြည်သူ့ဂုဏ်ရည်ဆု ကော်မတီဟာ မြန်မာနိုင်ငံအတွက် လူမှုရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေးစတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နေကြတဲ့ တသီးပုဂ္ဂလနဲ့ အဖွဲ့အစည်းတွေကို နှစ်စဉ် ဆုချီးမြှင့်နေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်က နာရေးကူညီမှုအသင်း (ရန်ကုန်) အကြီးအကဲ ဦးကျော်သူ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။