သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-03-03
ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာက လျှပ်စစ်မီးကိစ္စ ပဋိပက္ခနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံနေရတဲ့ ကျောင်းထိုင်ဆရာတော်ကို ထောင်ဝင်စာသွားတွေ့ခဲ့တဲ့ ရွာသားတချို့ကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထိန်းသိမ်း လိုက်ကြောင်း သိရပါတယ်။
2013-03-03
ကချင်ပြည်နယ် ငြိမ်းချမ်းရေးအတွက် ရန်ကုန်ကနေ လိုင်ဇာမြို့ကို လမ်းလျှောက်နေကြတဲ့ အဖွဲ့မှာ ကျန်းမာရေး ချို့ယွင်းသူတွေ ပိုများလာပြီး ဒီကနေ့ သံဃာတော် (၂) ပါး ခြေထောက်ဒဏ်ရာ ရရှိတဲ့အတွက် မြစ်ကြီးနားဆေးရုံမှာ ဆေးကုသမှုခံယူဖို့ ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
2013-03-03
ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်မှာရှိတဲ့ ဟံသာဝတီ ယာဉ်ရောင်းဝယ်ရေးစခန်းကို ဒဂုံမြို့နယ်၊ မင်းရဲကျော်စွာလမ်းမှာ ယာယီစခန်းအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ပြောင်းရွှေ့ဖွင့်လှစ် လိုက်ပါတယ်။
2013-03-03
ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့တော်အနီး CMJ အထည်ချုပ် စက်ရုံက မနေ့က ဆန္ဒပြမှုမှာ အကြမ်းဖက်ခံရပြီး ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ မြန်မာအမျိုးသမီး (၄) ဦး ကိစ္စနဲ့ ပတ်သက်ပြီး ဂျော်ဒန်နိုင်ငံသူ ရှေ့နေနဲ့ စက်ရုံ တာဝန်ရှိသူတွေ၊ အလုပ်သမားကိုယ်စားလှယ်တွေ ဒီကနေ့ မတ် ၃ ရက်နေ့မှာ ဆွေးနွေးညှိနှိုင်းနေကြောင်း သိရပါတယ်။
2013-03-03
ရန်ကုန်မြို့ကနေ ကချင်ပြည်နယ် လိုင်ဇာမြို့အထိ ငြိမ်းချမ်းရေးအတွက် ချီတက်လမ်းလျှောက်သွားတဲ့အဖွဲ့ဟာ ဟိုပင်မြို့ကနေ ၉ မိုင်ကွာဝေးတဲ့ မိုးကောင်းမြို့နယ် ထုံးရေပေါက်ကျေးရွာ ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။
2013-03-02
မြန်မာနိုင်ငံကိုပေးမယ့် ပြည်ပအကူအညီတွေဟာ တကယ်လိုအပ်သူ ပြည်သူတွေလက်ထဲကို တိုက်ရိုက်ရောက်ဖို့ အရေးကြီးတယ်လို့ ဖင်လန်နိင်ငံရောက် မြန်မာတွေက ဆန္ဒပြတောင်းဆိုနေပါတယ်။
2013-03-02
ရဲတပ်ဖွဲ့ဝင်တွေနဲ့ လယ်သမားတွေ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ဧရာဝတီ တိုင်းဒေသကြီး၊ မအူပင်မြို့နယ် မလက်တို ကျေးရွာအုပ်စုမှာ နေ့ရောညပါ ဆန္ဒပြခဲ့တဲ့ လယ်သမားတွေ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီဖြစ်ပြီး နယ်မြေအေးချမ်းတဲ့ အနေအထားကို ပြန်လည်ရောက် ရှိနေတာကြောင့် ပုဒ်မ (၁၄၄) ထုတ်ပြန်ထားမှုကို အမြန်ဆုံး ရုပ်သိမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2013-03-02
ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့တော်အနီး CMJ စက်ရုံက ဆန္ဒပြနေတဲ့ မြန်မာအလုပ် သမားတွေကို အလုပ်သမား ကြီးကြပ်ရေးမှူးတွေ နဲ့ဂျော်ဒန်နိုင်ငံသားတချို့က ဒီနေ့အကြမ်းဖက် တိုက်ခိုက်တဲ့အတွက် မြန်မာအမျိုးသမီး ၄ ဦး ဒဏ်ရာရ သွားတယ်လို့သတင်းရရှိပါတယ်။
2013-03-02
မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းဖြစ် တဲ့ တောင်သူလယ်သမားတွေရဲ့ဘဝ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ပြုပြင်ပြောင်းလဲမှုတွေ မလွဲမသွေ ပြုလုပ်ရမှာဖြစ်တယ်လို့ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက ဒီကနေ့ကျရောက်တဲ့ မြန်မာနိုင် ငံ တောင်သူလယ်သမားနေ့မှာ တိုက်တွန်းပြောကြား လိုက်ပါတယ်။
2013-03-02
ရခိုင်ပြည်နယ်အတွင်း ဒုက္ခသည်စခန်းတွေမှာ မှီခိုနေကြတဲ့ နိုင်ငံသားမဟုတ်သူ ဒုက္ခသည်တွေအတွက် နိုင်ငံတကာအလှူရှင်တွေက လုံးချင်းနေအိမ်တွေ ဆောက်လုပ်ပေးမယ်ဆိုတာနဲ့ ပတ်သက်ပြီး ဒေသခံ ရခိုင်တိုင်းရင်းသားတွေက မကျေနပ်တဲ့အတွက် လုံးချင်းအိမ်တွေ ဆောက်လုပ်ဖို့ စီစဉ်နေတဲ့ မြို့နယ်တွေမှာ ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
2013-03-02
လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ မြန်မာနိုင်ငံ မှာ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးရေး အမြင်တွေကို ခေတ်သစ်အမြင်တွေ ဖြစ် လာအောင် မြှင့်တင်ပေးဖို့ လိုအပ်နေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။
2013-03-02
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး တောင်းဆိုခဲ့တဲ့ သပိတ်စခန်း ဖြိုခွဲခံရမှုမှာပါဝင်တဲ့ အကြမ်းဖက်တဲ့သူတွေကို အခုချိန်အထိ စစ်ဆေးအရေးယူတာတွေ မရှိတာကြောင့် ဒီကနေ့ မနက် ၃ နာရီမှာ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်ထဲရွာမှာ အိမ်ခြေ ၁၅ဝ ကျော်က မကောင်းဆိုးဝါး နှင်ထုတ်ပွဲ တစ်ရပ်ပြုလုပ်ပြီး ဆန္ဒပြခဲ့ကြပါတယ်။
2013-03-01
ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတဲ့ မြန်မာအစိုးရဟာ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိနိုင်တယ်လို့ ယုံကြည်ကြောင်း ဖင်လန်ဝန်ကြီးချုပ်ဟောင်း ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် Martti Ahtisaari က သောကြာနေ့က ပြောလိုက်ပါတယ်။
2013-03-01
မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တင်ပို့မှုဟာ နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးအခြေအနေကို ရောက်ရှိလာတယ်လို့ မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းက ပြောပါတယ်။
2013-03-01
မြန်မာအစိုးရနဲ့ KNU ကရင်အမျိုးသားအစည်းအရုံးတို့ အပစ်အခတ်ရပ်စဲထားပြီဆိုပေမယ့် ကရင်ပြည်နယ်တချို့ဒေသမှာ အစိုးရနဲ့ KNU နှစ်ဘက်အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ခွဲဝေမှုရှုပ်ထွေးနေသေးသလို တပ်တွေနေရာချထားရေးမှာလဲ သေသေချာချာ မသတ်မှတ်ရသေးဘူးလို့သိရပါတယ်။