လယ်သမားတွေရဲ့အမြင်တွေ မြှင့် တင်ပေးဖို့ လိုအပ်နေပြီ လို့ ဒေါ်အောင်ဆန်းစုကြည်ပြော


2013.03.02
dassk_305.jpeg ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့က လွှတ်တော်တက်ရောက်လာ တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်
Photo: RFA

လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ မြန်မာနိုင်ငံ မှာ တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးရေးအမြင်တွေကို ခေတ်သစ် အမြင်တွေ ဖြစ်လာအောင် မြှင့်တင်ပေးဖို့ လိုအပ်နေပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

ဒီကနေ့ မနက်ပိုင်းက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်မှာရှိတဲ့ ကျောင်းစုကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ဒေသခံပြည်သူလူထု နဲ့ တွေဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလိုပြောလိုက်တာပါ။

ဒီကနေ့ ဒေသခံပြည်သူလူထုနဲ့ တွေ့ဆုံ ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ လူငယ်တွေနဲ့ ပညာရေး၊ အလုပ်အကိုင်ရရှိရေး၊ ကျန်းမာရေး၊ တောင်သူတွေ လယ်ယာမြေသိမ်းဆည်းခံရမှု အခြေအနေတွေနဲ့ တိုင်းပြည်တိုးတက်ဖို့ဆိုရင် အစိုးရနဲ့ အဖွဲ့အစည်းတွေကိုပဲ အားမကိုးဖို့ ပြည်သူတွေကလည်း ပါဝင်ဆောင်ရွက်ဖို့ လိုတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ပုဗ္ဗသီရိမဲဆန္ဒနယ်က ဦးဖြိုးဇေယျာသော်က ကျန်းမာရေး အခြေအနေအတွက် သုံးလနားမှာ ဖြစ်တာကြောင့် ကော့မှူးမဲဆန္ဒနယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က မြို့နယ်ရဲ့လိုအပ်ချက်တွေကို ကိုယ်စားခဏ တာဝန်ယူဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ ဒီကနေ့တွေ့ဆုံပွဲကို ဒေသခံပြည်သူလူထု သုံးထောင်နီးပါး တက်ရောက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။