သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-02-14
ဖေဖော်ဝါရီ ၁၂ ရက်ကနေ ၁၃ ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ အများဆုံးတွေ့တာက ရန်ကုန်တိုင်းမှာ ၆၇၆ ဦး၊ ဧရာဝတီတိုင်းမှာ ၁၃၉ ဦးနဲ့ ကရင်ပြည်နယ်မှာ ၉၉ ဦးလို့ ဆိုပါတယ်။
2022-02-14
မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မကြုံစဖူး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ရင်ဆိုင်နေရပြီး ကလေးငယ် ငါးသန်းအပါအဝင် မြန်မာပြည်သူ ၁၄.၄ သန်းဟာ လူသားချင်းစာနာတဲ့ အကူအညီတွေ လိုအပ်နေတယ်လို့ UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
2022-02-14
တန်းတူရည်တူ ပါဝင်ခွင့်ရှိရမယ်ဆိုတဲ့ အာဆီယံမူဝါဒကို သွေဖည်နေလို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေကို တက်ရောက်မှာ မဟုတ်ဘူးလို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၁၄ ရက်ဒီကနေ့ ကြေညာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2022-02-14
"ကွမ်းယာဆိုင်ကနေ ကွမ်းဝယ်ပြီး ထွက်လာတဲ့ ယူနီဖောင်းအပြည့် ဝတ်ထားတဲ့ရဲကို ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ယောက်က ပစ်လိုက်တာ" လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြို့ခံက ပြောပါတယ်။
2022-02-14
လိုင်ဇာမှာ ကိုဗစ် ၁၉ တကျော့ပြန် ကူးစက်မှုတွေ ပြန်တွေ့လာရပြီး အခုတစ်ပတ်အတွင်း ပိုးတွေ့သူ ၂၀ ထိရှိနေတယ်လို့ ကေအိုင်အိုက ပြောပါတယ်။
2022-02-14
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁၂ ရက်က တစ်ရက် တည်းမှာ ကိုဗစ်ပိုးတွေ့လူနာ ပေါင်း ၁၈၀၀ နီးပါးရှိခဲ့ပါတယ်။
2022-02-14
ကယားပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကို “ကမ္ဘာကြီး သိပါစေ” ဆိုတဲ့ အစီရင်ခံစာ KnHRG နဲ့ ND-Burma တို့ ထုတ်ပြန်လိုက်ပါတယ်။
2022-02-14
ချင်းနဲ့ ကယားက ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေဟာ အုပ်ချုပ်ရေးကိစ္စတွေ ကို ၉၀ ရာခိုင်နှုန်းကျော် စီမံခန့်ခွဲနိုင်ပြီလို့ ပြောပါတယ်။
2022-02-14
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ရှုးရှီရွာက အမျိုးသမီး သုံးဦးဟာ ဖေဖော်ဝါရီ ၁၃ ရက် မနေ့က စစ်တပ်ရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရပါတယ်။
2022-02-14
လားရှိုးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်း ညီနောင်အဖွဲ့တွေ တိုက်ပွဲဖြစ်လို့ ရွာသား ၂၀၀ ကျော် ထွက်ပြေးနေရပါတယ်။
2022-02-14
ရပ်စောက်မြို့နယ် ကျောက်ဂူတိုက်နယ်ကျေးရွာ ထဲက ကုန်းဆာရွာ ကြိုးတံတားအနီးမှာ ဖေဖော်ဝါရီ ၁၂ ရက်က အမျိုးသမီး နှစ်ဦး မိုင်းနင်းမိခဲ့ပါတယ်။
2022-02-14
ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဦးမင်းသူ တို့ စွပ်စွဲခံရတဲ့ ရွေးကောက်ပွဲ မဲမသမာမှုနဲ့ ပတ်သက်လို့ ဒီနေ့ တရားလိုကို စတင်စစ်ဆေးခဲ့ပါတယ်။
2022-02-14
အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းသား ၁၅၀ ခန့်ဟာ ဖေဖော်ဝါရီ ၁၁ ရက်ကနေ ဖေဖော်ဝါရီ ၁၄ ရက်နေ့အထိ အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။
2022-02-14
နွားထိုးကြီးမြို့နယ်ထဲမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို PDF က မိုင်းဆွဲ တိုက်ခိုက်လို့ နှစ်ယောက် သေဆုံးခဲ့ပါတယ်။
2022-02-14
မြန်မာဘရူဝါရီလီမိတက် (Myanmar Brewery Limited) ကနေ စစ်တပ်နဲ့ အကျိုးတူ စီးပွားရေးလုပ်နေတဲ့ ဂျပန်အဖျော်ယမကာလုပ်ငန်းစု Kirin ကုမ္ပဏီဟာ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဒီနေ့ AP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။