သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-10-07
ဟိန္ဒူဘာသာဝင်တွေရဲ့ ရိုးရာပွဲတော်တွေထဲကတစ်ခုဖြစ်တဲ့ ဒူရ်ဂါးမယ်တော်လို့ခေါ်တဲ့ စန္ဒီမယ်တော် ပူဇော်ပွဲကို ဟိန္ဒူဘာသာဝင်တွေ အများစုနေထိုင်တဲ့ဒေသတွေမှာ စည်ကားသိုက်မြိုက်စွာ ကျင်းပနေပါတယ်။
2019-10-07
ဗစ်တိုးရီးယားအမှုမှာ Wisdom Hill မူကြိုကျောင်းကြီးကြပ်ရေးမှူးက စွပ်စွဲခံရသူ ကိုအောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကို နိုင်လွတ်လုံ ဥပဒေ နဲ့ အမှုဖွင့်ခဲ့ပါတယ်။ ဒေါ်စုဒါလီအောင်က ကျောင်းကြီးကြပ်ရေးမှူးကို အဲဒီဥပဒေနဲ့ပဲ ရဲစခန်းမှာ ပြန်အမှုဖွင့်မယ်လို့ သိရပါတယ်။
2019-10-07
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မြောက်ဦးမြို့နယ် အိုးထိန်းကျေးရွာက ကျောင်းတိုက်ဆရာတော် ဦးကဝိဓဇ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေစိုးထွန်းနဲ့ ဒေသခံ ဦးမြင့်မောင်တို့ကို တပ်မတော်က စက်တင်ဘာလ ၂၀ ရက်နေ့ကတည်းက ဖမ်းဆီးသွားတာပါ။
2019-10-07
ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ သုံးရက်ကြာ အစည်းအဝေးမှာ ပါတီတည်ဆောက်ရေးနဲ့ ပါတီစည်းရုံးရေး၊ ရခိုင်ပြည်နယ်ထဲ တိုက်ပွဲတွေဖြစ်ပွားနေတာတွေ လျှော့ချနိုင်ရေး၊ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်အစီစဉ်တွေကို စစ်တွေမြို့မှာ ဆွေးနွေးနေကြပါတယ်။
2019-10-07
လာမယ့် အောက်တိုဘာ ၁၅ ဆိုရင် အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့တွေကြား NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာ လေးနှစ်ပြည့်မြောက်တော့မှာပါ။
2019-10-06
ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးစစ်ဆေးခံနေရသူတွေထဲက ၃၈ ယောက်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအပါအဝင် ပုဒ်မအသီးသီးနဲ့ တရားစွဲတင်ခဲ့တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။
2019-10-06
DKBA ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်က တပ်ရင်းမှူးအဆင့်ရှိတဲ့ ဒု-ဗိုလ်မှူးကြီး စောဝေ့ထူးဟာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ချောင်းတောင်ရပ်ကွက်မှာ မနေ့ည ၇ နာရီဝန်းကျင်လောက်က သေနတ်နဲ့လုပ်ကြံခံရလို့ သေဆုံးသွားပါတယ်။
2019-10-06
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ချင်းပြည်နယ် ပလက်ဝမြို့က ပျောက်ဆုံးနေတဲ့ ဒေသခံ ၁၀ ယောက်နဲ့ပတ်သက်လို့ အခုချိန်ထိ သတင်းအစအန မရဘူးလို့ ချင်းလူ့အခွင့် အရေးအဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။
2019-10-06
ချင်းပြည်နယ်မှာ ဗိုလ်ချုပ်ရုပ်တုနဲ့အတူ ချင်းတိုင်းရင်းသားခေါင်းဆောင် သုံးယောက်ရဲ့ ရုပ်တုတွေကိုပါ စိုက်ထူသွားမယ်လို့ ပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။
2019-10-05
၂ဝ၁၉ အောက်တိုဘာ ၅ ရက်နေ့ RFA စကားဝိုင်း အစီအစဉ်မှာ " ကာလုံနဲ့ နိုင်ငံရေးအကျပ်အတည်း " ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးမှာဖြစ်ပါတယ်။
2019-10-05
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာနဲ့ ဖုန်ညိုလိပ်ကျေးရွာအနီး ဆိုင်းတင်ချောင်း တံတားနားက တပ်မတော်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းကင်းစခန်းကို ဒီကနေ့ မနက်အစောပိုင်းမှာ ရက္ခိုင့်တပ်တော် AA က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
2019-10-05
မနေ့ညက စစ်တွေမြို့မှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ ယာဉ်မောင်းတစ်ဦးကို လူနှစ်ယောက်က သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
2019-10-05
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဆရာတော်နှစ်ပါး ကို စစ်တွေခရိုင်တရားရုံးက သက်သေမခိုင်လုံလို့ မနေ့က ပြန်လွှတ်ပေးလိုက်ပေမယ့် အဲဒီထဲက ဆရာတော်တစ်ပါးကို မှုခင်းရဲတပ်ဖွဲ့က နောက်ထပ်ပုဒ်မတစ်ခုနဲ့ အမှုဖွင့်ပြီး ဖမ်းဆီးလိုက်ပါတယ်။
2019-10-04
ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှာ တရုတ်နိုင်ငံက အကောင်အထည်ဖော်မယ့် အထူးစီးပွားရေးဇုန် စီမံကိန်း စတင်ဖို့ အချိန်နီးလာနေပါပြီ။
2019-10-04
လက်ရှိမှာ ယူနီကုဒ်စနစ်ကို ပြောင်းပြီးသုံးကြဖို့ အစိုးရက တရားဝင်နှိုးဆော်နေပေမဲ့၊ မြန်မာအများစု သုံးစွဲနေတဲ့ ဇော်ဂျီစာလုံးကနေ ယူနီကုဒ်စာလုံး ပြောင်းလဲရေးက ချောချောမွေ့မွေ့ ဖြစ်မလာသေးပါဘူး။