တရုတ်စီမံကိန်းနဲ့ ကျောက်ဖြူဒေသခံတွေရဲ့တုံ့ပြန်မှု
2019.10.04
ရခိုင်ပြည်နယ် ကျောက်ဖြူဒေသမှာ တရုတ်နိုင်ငံက အကောင်အထည်ဖော်မယ့် အထူးစီးပွားရေးဇုန် စီမံကိန်း စတင်ဖို့ အချိန်နီးလာနေပါပြီ။
စီမံကိန်းပထမအဆင့် လုပ်ငန်းစဉ်တွေကို ၂ဝ၁၅ ခုနှစ်ကနေ ၂ဝ၂ဝ ပြည့်နှစ် အတွင်း အကောင်အထည်ဖော်ဖို့ စီစဉ်ထားတာပါ။
တရုတ်ရဲ့ဒီစီမံကိန်းဟာ ဒေသခံပြည်သူတွေအတွက် ဘယ်လောက် အကျိုးရှိမယ်ဆိုတာကို အခိုင်အမာ မသိနိုင်သေးပေမဲ့၊ ဒီစီမံကိန်းကို ကန့်ကွက်သူတွေရော၊ ထောက်ခံသူတွေပါ ရှိနေတဲ့အကြောင်း ရခိုင်အခြေစိုက်RFA သတင်းထောက် ကိုမင်းသိန်းအောင်က တင်ပြထားပါတယ်။