သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-05-18
အလွတ်သတင်းထောက် ကိုပါကြီး သေဆုံး မှုကို အမှုမှန်ဖော်ထုတ်ပေးဖို့နဲ့ ကျောင်း သားသပိတ်ကို အကြမ်းမဖက်ဖို့ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြခဲ့တဲ့ မျိုးဆက်သစ်လူငယ်များ Generation Wave အဖွဲ့ဝင် ကိုမိုဃ်းသွေးကို ကျောက် တံတားမြို့နယ် ရဲစခန်းက ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားပါတယ်။
2015-05-18
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်း မြို့နယ်၊ ရေထွက်ကျေးရွာမှာ ရွှေဝင်ရောက် တူးဖော်နေတဲ့ ကုမ္ပဏီတွေကို ဖယ်ရှားပေး ဖို့ ဆန္ဒပြတောင်းဆိုရာမှာ ပါဝင်ခဲ့တဲ့အတွက် နေ့စားအလုပ် သမား ၇၀ ကျော်ကို လက်ပံပြန့်ဒေသ ဖံ့ွဖြိုးရေးကုမ္ပဏီက အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။
2015-05-18
မျိုးစောင့်ဥပဒေကြမ်း လေးခုထဲက "မြန်မာဗုဒ္ဓဘာသာဝင် မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်း" ကို အမျိုးသားလွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်နဲ့ လွှတ်တော် ကိုယ်စားလှယ်ငါးဦးတို့ ဒီနေ့ ဆွေးနွေးကြရာမှာ ဥပဒေကြမ်းပါ အသုံးအနှုန်းတွေကို ပြင်ဆင်ဖို့ ဆွေးနွေး ကြပြီး ဥပဒေကြမ်းကော်မတီမှာ ပြန်လည်ကြားနာဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2015-05-18
တိုင်းပြည်ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးဆွေးနွေး ပွဲတွေကို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် အစပျိုးထားလိုကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန် က နိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေနဲ့ ဒီနေ့ တွေ့ဆုံ ရာမှာ ပြောကြားလိုက်ပါတယ်။
2015-05-18
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေမူကြမ်းမှာ လွှတ်တော်နှစ်ရပ်အကြား သဘောထားကွဲလွဲမှုတွေရှိနေတဲ့ အတွက် ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူသွားမှာဖြစ်ကြောင်း အမျိုးသားလွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2015-05-18
ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ နဲ့ နိုင်ငံတကာသံတမန်များ နှစ်လတစ်ကြိမ် ပုံမှန်တွေ့ဆုံနေကြ စည်းဝေးပွဲကို ဒီနေ့ ကျင်းပရာမှာ သံအမတ်ကြီးတွေက လောလော ဆယ်ဖြစ်ပေါ်နေတဲ့ လှေစီးဒုက္ခသည်တွေအရေး၊ ပြည် တွင်းငြိမ်းချမ်းရေးနဲ့ ယာယီသက်သေခံလက်မှတ် ကိုင်ဆောင် သူတွေအရေးကို မေးမြန်းခဲ့ကြပါတယ်။
2015-05-18
လူမှောင်ခိုပွဲစားတွေကတဆင့် ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဖက်ကို ဦးတည်တဲ့ လှေစီး ဒုက္ခသည်တွေထဲမှာ ဘူးသီးတောင် မောင်တော ဖက်ကနေ ထွက်ခွာနေတဲ့ ရခိုင်ပြည်နယ်က မွတ်စလင် လှေစီးဒုက္ခသည်တွေလည်း ရှိနေ ပါတယ်။
2015-05-18
မျိုးစောင့်ဥပဒေ လေးမျိုးထဲက တစ်ခုဖြစ်တဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်မိန်းမများ အထူးထိမ်းမြားခြင်းဆိုင်ရာ ဥပဒေကြမ်းကို ဒီနေ့ အမျိုးသားလွှတ်တော် မှာ ဆွေးနွေးခဲ့ပါတယ်။
2015-05-18
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး လက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ ၊ ၂ဝ၁၅ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးတို့ကို နိုင်ငံရေးပါတီ ၇ဝ ကျော်က ခေါင်းဆောင်တွေနဲ့ ဒီနေ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-05-18
ရွေးကောက်ပွဲ အကြိုနဲ့ အလွန်ကာလ တည်ငြိမ်အေး ချမ်းဖို့ နိုင်ငံခေါင်းဆောင်တွေရဲ့ ဒုတိယအကြိမ် တွေ့ ဆုံဆွေးနွေးပွဲ အမြန်ဆုံးကျင်းပသင့်ကြောင်း ၆ ပွင့် ဆိုင် ဆွေးနွေးပွဲ တိုင်းရင်းသားကိုယ်စား လှယ် ဒေါက်တာအေးမောင် က ပြောပါတယ်။
2015-05-17
မြန်မာ့မီးရထားရဲ့ ရန်ကုန် မန္တလေး ရထားလမ်းမှာ ဒစ်ဂျစ်တယ် အချက်ပြစနစ် အပါအဝင် ဗဟိုထိန်းချုပ်စောင့်ကြည့်စနစ် တပ်ဆင်ရေး စီမံကိန်းအတွက် ဂျပန် ဟီတာချီကုမ္ပဏီ က ဒေါ်လာ ၈၃ သန်းတန် လုပ်ကိုင်ခွင့်ရရှိသွားပါတယ်။
2015-05-17
အရှေ့တောင်အာရှ ဒေသတွင်းမှာ ပင်လယ်ပြင်ကို လှေတွေနဲ့ဖြတ် ပြီး နေရာရွှေ့ပြောင်းဖို့ ကြိုးစားနေကြတဲ့ ဒုက္ခသည်တွေ အရေအတွက်များပြားလာနေတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး၊ ဆွေးနွေးပွဲတွေကျင်းပကြဖို့၊ အဲဒီ့ဆွေးနွေး ပွဲတွေမှာ မြန်မာပါဝင်ဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး အနီဖာအာမင်က မြန်မာအစိုးရကို မနေ့က တိုက်တွန်း လိုက်ပါတယ်။
2015-05-17
တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ကလုံးထာကျေးရွာမှာ ခဲသတ္တုတူးဖော်နေတဲ့ ANA & NRD ကုမ္ပဏီရဲ့ လုပ်ငန်း လည်ပတ်မှုကို ယာယီ ရပ်ဆိုင်းပေးဖို့ ကလုံးထာရွာခံ ၁၅၀ လောက်က မနေ့က သွားရောက်တောင်းဆိုခဲ့ပါတယ်။
2015-05-17
အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ပေးနိုင်ရေး နဲ့ အလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ (တစည) ပါတီ ကိုယ်စားလှယ်တွေဟာ အလုပ်သမားတွေနဲ့ ဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-05-17
ဘာသာမတူ လူမျိုးမတူသူတွေအကြား ခွဲခြားဆက်ဆံမှုတွေ လျော့ကျစေဖို့အတွက် ဘာသာပေါင်းစုံက လူငယ် ၂၀ နီးပါးလောက်ဟာ "My Friends" ဆိုတဲ့ ခေါင်းစဉ်နဲ့ လှုပ်ရှား မှုကို ရန်ကုန်မြို့ကန်တော်ကြီး ပန်းခြံမှာ ဒီနေ့ စတင်ခဲ့ ပါတယ်။