ပညာရေးဥပဒေ ပြင်ဆင်တဲ့မူကြမ်း လွှတ်တော်နှစ်ရပ် သဘောထားကွဲ
2015.05.18

photo: RFA/ Win Naung Toe
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေ မူကြမ်းမှာ လွှတ်တော်နှစ်ရပ်အကြား သဘောထား ကွဲလွဲမှုတွေရှိနေတဲ့အတွက် ပြည်ထောင်စုလွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူသွားမှာဖြစ်ကြောင်း အမျိုးသား လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒီ့ဥပဒေမူကြမ်းမှာ ပညာရေးအသုံးစရိတ်ကို အစိုးရအသုံးစရိတ်အားလုံးရဲ့ ၂၀ ရာခိုင်နှုန်း သတ်မှတ်ချက်၊ တက္ကသိုလ်ကောင်စီတွေနဲ့ ပညာရေးမူဝါဒတွေ ရေးဆွဲရာမှာ ပါဝင်သင့်သူတွေနဲ့ ပတ်သက်ပြီး လွှတ်တော်နှစ်ရပ်ကြားမှာ သဘောထားကွဲလွဲနေတာဖြစ်ပါတယ်။
လွှတ်တော်နှစ်ရပ်ကြား သဘောထားကွဲလွဲနေတဲ့ အချက်ပေါင်း ၄၀ နီးပါးရှိတယ်လို့ သိပါတယ်။