ရွှေတူးဖေါ်မှု ဆန္ဒပြခဲ့တဲ့အတွက် အလုပ်သမား ၇၀ အလုပ်ဖြုတ်ခံရ


2015.05.18
gold-mine-protest-305.jpg ရွှေတူးဖော်တဲ့ကုမ္ပဏီတွေကို အရေးယူဖယ်ရှားပေးဖို့ မန္တလေး တိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ရေထွက်ကျေးရွာ မှာ မေလ ၁၂ ရက်နေ့က ဆန္ဒပြကြစဉ်
Photo: RFA

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ရေ ထွက်ကျေးရွာမှာ ရွှေဝင်ရောက်တူးဖော်နေတဲ့ ကုမ္ပဏီတွေကို ဖယ်ရှားပေးဖို့ ဆန္ဒပြတောင်းဆိုရာမှာ ပါဝင်ခဲ့တဲ့အတွက် နေ့စားအလုပ်သမား ၇၀ ကျော်ကို လက်ပံပြန့်ဒေသ ဖံ့ွဖြိုးရေးကုမ္ပဏီက  အလုပ်ကနေ ထုတ်ပယ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ရက်နေ့က ဆန္ဒပြခဲ့တာဖြစ် ပြီး နောက်တစ်ရက်မှာ အလုပ်ထုတ်လိုက်တာဖြစ်တယ် လို့ အလုပ်ထုတ်ခံရတဲ့ ရေထွက်ကျေးရွာသား ကိုဇော်လှိုင်က ပြောပါတယ်။

"ဆန္ဒထုတ်ဖော်ပွဲကို ၁၂ ရက်နေ့က သွားတယ်ဗျာ၊ ၁၃ ရက်နေ့ လုပ်ငန်းသွားတဲ့အခါကျတော့ ဆန္ဒထုတ်ဖော်ပွဲ လိုက်လို့ဆိုပြီးတော့ အလုပ်ထုတ်လိုက်ပါတယ်"

ပြီးခဲ့တဲ့နှစ်ကစပြီး ရေထွက်ကျေးရွာမှာ မြန်မာစည်သူ သတ္တုတူးဖော်ရေးကုမ္ပဏီ၊ ဝေလင်းထိုက် သတ္တုတူးဖော်ရေး ကုမ္ပဏီနဲ့ လက်ပံပြန့်ဒေသ ဖံ့ွဖြိုးရေးကုမ္ပဏီတို့က ကျေးရွာပိုင်မြေနေရာတွေမှာ ရွှေဝင်ရောက်တူးဖော်နေ တာ ဖြစ်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။