လှေစီးဒုက္ခသည်တွေကို လူမှောင်ခိုပွဲစားတွေထံကနေ ပြန်လည်ဝယ်ယူသူနဲ့ မေးမြန်းချက်


2015.05.18

လူမှောင်ခိုပွဲစားတွေကတဆင့် ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဖက်ကို ဦးတည်တဲ့ လှေစီးဒုက္ခသည်တွေထဲမှာ ဘူးသီးတောင် မောင်တောဖက်ကနေ ထွက်ခွာနေတဲ့ ရခိုင်ပြည်နယ်က မွတ်စလင် လှေစီးဒုက္ခသည်တွေလည်း ရှိနေပါတယ်။

အဲ့ဒီ ဒုက္ခသည်တွေကို လူမှောင်ခိုပွဲစားတွေထံကနေ ငွေပေးပြီး ပြန်လည်ဝယ်ယူ ကယ်ဆယ်နေတဲ့ စစ်တွေမြို့က လုပ်ငန်းရှင်တစ်ဦးအကြောင်းကို ဘီဘီစီ အင်္ဂလိပ်ပိုင်းအစီအစဉ်က တင်ပြခဲ့ပါတယ်။

စစ်တွေမြို့နယ် သက်ကယ်ပြင်ကျေးရွာက အဲ့ဒီစီးပွားရေး လုပ်ငန်းရှင် ကိုကျော်လှကို RFA သတင်းထောက် မစန်းမော်အောင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။