ရထားလမ်း အချက်ပြစနစ် ဟီတာချီ လုပ်ခွင့်ရရှိ
2015.05.17

မြန်မာ့မီးရထားရဲ့ ရန်ကုန် မန္တလေး ရထားလမ်းမှာ ဒစ်ဂျစ်တယ် အချက်ပြစနစ် အပါအဝင် ဗဟိုထိန်း ချုပ် စောင့်ကြည့်စနစ်တပ်ဆင်ရေး စီမံကိန်းအတွက် ဂျပန် ဟီတာချီ ကုမ္ပဏီက ဒေါ်လာ ၈၃ သန်းတန် လုပ်ကိုင်ခွင့် ရရှိ သွားပါတယ်။
မိုင် ၃၇ဝ ကျော် ရှည်တဲ့ ရန်ကုန် မန္တလေး ရထားလမ်း ရဲ့ ၈၆ မိုင် အရှည် အစိတ်အပိုင်းအတွက် ခေတ်မီ ဒစ်ဂျစ်တယ် အချက်ပြစနစ် တပ်ဆင်ရေး အတွက် ဒေါ်လာ သန်း ၂ဝ နီးပါး ကုန်ကျမှာဖြစ်ပြီး၊ ၂ဝ၁၇ ခုနှစ် ဇွန်လမှာ ပြီးစီးမယ်လို့ခန့်မှန်းထား ပါတယ်။
ကျန်တဲ့အပိုင်းကိုလည်း ဟီတာချီ ကုမ္ပဏီကပဲ ဆက်လက် လုပ်ကိုင်ခွင့်ရဖွယ် ရှိပါတယ်။ကုန်ကျငွေ စုစုပေါင်းကို ဂျပန်နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ JICA က ပံ့ပိုးပေးမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ရထားလမ်းတွေရဲ့ စုစုပေါင်း အရှည် ၃၇၃ဝ မိုင် ဝန်းကျင်ရှိပါတယ်။ ရထားလမ်းတွေ ဟောင်းအိုနေ ပြီဖြစ်လို့ လမ်းချော်တာတွေ၊ ခရီးနှောင့်နှေးတာတွေ မကြာခဏ ဖြစ်ပေါ်နေပါတယ်။