သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-03-05
အစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့ ကေအိုင်အိုတို့ဟာ လာမည့် မတ်လ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ ထမ်မံ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
2013-03-05
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့မှာ လူ့အခွင့်အရေး ညီလာခံတက်ရောက်နေတဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဌေးကြွယ်က မြန်မာနိုင်ငံမှာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာရုံးခွဲ ဖွင့်ခွင့်ပေးသင့်ကြောင်း ဒီကနေ့ မတ်လ ၅ ရက်နေ့မှာ RFA ကို ပြောပါတယ်။
2013-03-04
မြန်မာနိုင်ငံသား လေးပုံတစ်ပုံဟာ ဆင်းရဲနွံမှာနစ်နေပြီး၊ နိုင်ငံသား လေးပုံ သုံးပုံက လျှပ်စစ်မီး အလုံအလောက်မရတဲ့ အခြေအနေ နဲ့ရင်ဆိုင်နေရတယ်လို့ ဗြိတိန်နိုင်ငံ အရှေ့တောင်အာရှ ဆိုင်ရာဝန်ကြီး မစ္စတာ Hugo Swire က မနေ့က ပြောလိုက် ပါတယ်။
2013-03-04
ဥရောပသမဂ္ဂ(EU)အနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူ ထားတွေကို လုံးဝရုတ်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန် က မေတ္တာရပ်ခံလိုက်ပါတယ်။
2013-03-04
၂၀၁၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင်အဖြစ် အဆိုပြုခံရသူများစာရင်းမှာ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန် ပါဝင်တယ်လို့ သိရပါတယ်။
2013-03-04
မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်းကဏ္ဍဟာ ပွင့်လင်းမြင်သာမှု ရှိတဲ့ ခေတ်သစ်တစ်ရပ်ကို ရောက်ရှိပါတော့မယ်လို့ မြန်မာ စွမ်းအင်ဝန်ကြီးဌာနက ကတိပြုပြောကြားလိုက်ပါတယ်။
2013-03-04
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်အနေနဲ့ ကြေးနီစီမံကိန်း ရပ်ဆိုင်းဖို့အတွက် အကြံပြုတင်ပြသွားမှာမဟုတ်ပဲ အဖွဲ့ရဲ့စုံစမ်းတွေ့ရှိချက်တွေကိုသာ ပြည်သူတွေသိရှိအောင် တင်ပြသွားမှာဖြစ်တယ်လို့ မတ်လ ၄ ရက် ဒီကနေ့ ပြည်သူ့ လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားစဉ်မှာ စုံစမ်း စစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။
2013-03-04
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စုမှာ လယ်ယာမြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး တောင်သူလယ်သမားတွေနဲ့ ရဲဝန်ထမ်းတွေကြား ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို မတ်လ ၄ ရက် ဒီကနေ့ ဖွဲ့စည်းလိုက်တယ်လို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က RFA ကို ပြောပါတယ်။
2013-03-04
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်းတောင်းတောင်ဒေသ ဒေသခံတချို့ဟာ သမ္မတဦးသိန်းစိန်ကို တရားစွဲဖို့ မတ်လ ၄ ရက် ဒီကနေ့ ဆားလင်းကြီးမြို့နယ် တရားရုံးမှာ ဦးတိုက်လျှောက်ထား ခဲ့တယ်လို့ သိရပါတယ်။
2013-03-04
ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကနေ လိုင်ဇာမြို့အထိ ခရီးရှည်ချီတက်နေတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ မတ်လ ၄ ရက် ဒီကနေ့မှာ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရောက်ရှိနေပြီး အဲဒီကနေ ၉ မိုင်ကွာဝေးတဲ့ မိုးမောက်မြို့ကို ဆက်လက် ချီတက်နေကြပါတယ်။
2013-03-04
ရခိုင်ပြည်နယ်မှာ လူအဖွဲ့အစည်း နှစ်ခုအကြား ပြန်လည် သင့်မြတ်ရေးဆောင်ရွက်ဖို့ အစိုးရရဲ့ ဦးဆောင်မှုအပိုင်းက အရေးကြီးကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Ashok Nigam က မတ်လ ၄ ရက် ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2013-03-04
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ သမ္မတဦးသိန်းစိန်ရဲ့ ဥရောပခရီးစဉ်၊ အင်န်အယ်လ်ဒီ ညီလာခံ၊ မြန်မာ့တပ်မတော်နဲ့ နိုင်ငံခြားတပ်မတော်တွေရဲ့ဆက်ဆံရေး၊ မအူပင်မြို့နယ်က လယ်သမားအုံကြွမှု စတဲ့ မျက်မှောက်ရေးရာတွေကို နားဆင်ရမှာဖြစ်ပါတယ်။
2013-03-04
သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ ဖင်လန်နိုင်ငံ မှာရှိစဉ် မြန်မာနိင်ငံသား မိသားစုတွေ နဲ့ ဖေဖေါ်ဝါရီလ ၂ရက်နေ့က တွေ့ဆုံတယ် လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပေမယ့် အမှန်တကယ် တွေ့ဆုံခွင့်တောင်းသူများ တွေ့ခွင့်မရခဲ့ဘူးလို့ မြန်မာမိသားစုတွေက ပြောပါတယ်။
2013-03-04
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ပအို့ဝ်အမျိုးသားအဖွဲ့ချုပ်(PNO)က သိမ်းယူထားတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီး မြို့နယ်၊ ထီဖောင်းနဲ့ ဖာမွန်းကျေးရွာအုပ်စုအတွင်းရှိ ဥယျဉ်ခြံမြေတွေကို ပြန်လည်ရရှိရေးအတွက် ဒေသခံတွေက နားဘောင်ဒေသ၊ ထီဟန်ဆွေးကျေးရွာမှာရှိတဲ့ PNO ရုံးမှာ မနေ့ မနက်ပိုင်းက သွားရောက်ဆွေးနွေးခဲ့ကြပါတယ်။
2013-03-03
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) NLD(LA) ဥက္ကဌ ဦးဗိုသောင်း ဦးဆောင်တဲ့အဖွဲ့နဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အဖွဲ့ဟာ ရန်ကုန်မြို့၊ သင်္ဃန်းကျွန်း မြို့နယ် ၈၈မျိုးဆက်ကျောင်းသားများရုံးခန်းမှာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။