လိုင်ဇာခရီးရှည် ချီတက်သူ နောက်တဖွဲ့ ကချင်ပြည်နယ်ထဲ ရောက်ရှိ


2013.03.04
walk_laiza_peace_mandalay_305.jpg ရန်ကုန်ကနေ လိုင်ဇာအထိ လမ်းလျှောက်ကြတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ မန္တလေးကို ရောက်ရှိလာစဉ်
photo: RFA/San Oo

ဧရာဝတီမြစ် အရှေ့ဘက်ကမ်းကနေ လိုင်ဇာမြို့အထိ ခရီးရှည်ချီတက်နေတဲ့ ငြိမ်းချမ်းရေး လမ်းလျှောက်အဖွဲ့ဟာ မတ်လ ၄ ရက် ဒီကနေ့မှာ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ရောက်ရှိနေပြီး အဲဒီကနေ ၉ မိုင်ကွာဝေးတဲ့ မိုးမောက်မြို့ကို ဆက်လက် ချီတက်နေကြပါတယ်။

အဲဒီ လမ်းလျှောက်တဲ့အဖွဲ့ဟာ ဖေဖော်ဝါရီလ ၇ ရက်နေ့က မြင်းခြံမြို့ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ကနေ ကချင်ပြည်နယ်ကို ဦးတည်ပြီး စတင်ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

သူတို့ဟာ လိုင်ဇာခရီးစဉ် မရောက်ခင် မိုးမောက်မြို့နယ်မှာရှိတဲ့ စစ်ပြေးဒုက္ခသည် စခန်း ၄ ခုကို သွားရောက် အားပေးစကားပြောဖို့ရှိတယ်လို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူတစ်ဦးဖြစ်တဲ့ ကိုသန့်ဇင်စိုးက RFA ကို ပြောပါတယ်။

ဒါ့အပြင် လမ်းခရီးမှာ ဒေသခံတွေ လှူဒါန်းထားတဲ့ အလှူငွေ ကျပ်သိန်း ၁၂၀ ကျော်ကို ခရီးဆုံးလိုင်ဇာမြို့ကို ရောက်ရှိချိန်မှာ ဒုက္ခသည်တွေအတွက် လှူဒါန်းသွားမယ်လို့ ပြောပါတယ်။

အလားတူ ရန်ကုန်ကနေ လိုင်ဇာအထိ ဧရာဝတီမြစ် အနောက်ဘက်ခြမ်းက ငြိမ်းချမ်းရေး လမ်းလျှောက်တဲ့ အဖွဲ့ဟာ ဒီကနေ့မှာ ကချင်ပြည်နယ် မိုးကောင်းမြို့နယ် တောင်နီကျေးရွာကို ရောက်ရှိနေပြီး ညနေပိုင်းမှာတော့ ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးပွဲတွေပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ RFA ကို ပြောပါတယ်။

ဒီအဖွဲ့ထဲက အမျိုးသားနှစ်ဦးနဲ့ သံဃာတော်တစ်ပါးဟာ ကျန်းမာရေးအခြေအနေကြောင့် မြစ်ကြီးနားဆေးရုံမှာ ဆေးကုသခံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။